မွန်ပြည်နယ်တွင် စားအုန်းဆီ တစ်ပိဿာ ၉၀၀၀ ကျပ်ထိ ဈေးမြင့်တက်

မွန်ပြည်နယ်တွင် စားအုန်းဆီ တစ်ပိဿာ ၉၀၀၀ ကျပ်ထိ ဈေးမြင့်တက်

မွန်ပြည်နယ် ဈေးကွက်အတွင်း မတ်လ ပထမအပတ်မှ စတင်ကာ စားအုန်းဆီ တစ်ပိဿာ ၉၀၀၀ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း စားအုန်းဆီ ရောင်းဝယ်နေသူများထံက သိရသည်။

ယခင်  ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း စားအုန်းဆီ တစ်ပိဿာ ၅၀၀၀ ကျပ်ထိသာ အမြင့်ဆုံး ဈေးရှိခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင် ဈေးကြိုကုန်စည်ဒိုင်မှ စားအုန်းဆီ ရောင်းဝယ်သူ တစ်ဦးက ပြောသည်။

"အရင်လတွေတုန်းကကျတော့ နိုင်ငံရေးမတည်ငြိမ်တာ ငွေတန်ဖိုးတွေကျလာတာရော အဲဒါတွေကြောင့် ဈေးတက်လာတာပေါ့။ အမြင့်ဆုံး ၄၈၀၀၊ ၅၀၀၀ ထိပြီး တက်ခဲ့တာ။ အခု ဒီလအစမှာပဲ ၉၀၀၀ထိ မြင့်သွားတာ။ ကမ္ဘာစားအုန်းဆီကလည်း မြင့်လာတယ်လေ။ အဲဒါကြောင့်ပေါ့"ဟု ၎င်းက ပြောသည်။

ကမ္ဘာစားအုန်းဆီဈေးနှုန်း ထပ်မံမြင့်တက်လာပါက ပြည်နယ်ဈေးကွက်အတွင်း၌လည်း စားအုန်းဆီ‌ဈေး ထပ်တက်လာမှာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စားအုန်းဆီဈေးနှုန်း တက်လာသည့်အပြင် သယ်ယူပို့ဆောင်စရိတ်လည်း မြင့်တက်လာခဲ့ကြောင်း ပြည်နယ် စားအုန်းဆီလုပ်ငန်းရှင်များအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

"အခုက ကိုဗစ်ရော မြန်မာပြည်မှာလည်း နယ်မြေမငြိမ်းချမ်းတော့ သယ်ယူပို့ဆောင်တာ ပိုခက်ခဲလာတာပေါ့။ သယ်ယူခ စရိတ်တွေလည်းတက်လာတယ်။ ဝယ်စားတဲ့ပြည်သူတွေလည်း မသက်သာ ရောင်းသူတွေလည်း မသက်သာတဲ့ အခြေအနေ ဖြစ်နေတာပေါ့"ဟု ‌၎င်းက ပြောသည်။

ယခင်တွင် စားအုန်းဆီကို ရန်ကုန်မှ သယ်ယူနေသော်လည်း လက်ရှိတွင် စားအုန်းဆီ ကုန်ကြမ်းပျက်လပ်မှုဖြစ်နေကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ် ဈေးကွက်အတွင်းက စားအုန်းဆီတွေကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ အဓိက တင်သွင်းနေကြောင်း သိရသည်။

စားအုန်းဆီ (Internet)

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...