ဆွမ်ပီယန်ကျေးရွာတွင် စစ်ကောင်စီတပ်သားများက နေအိမ် (၂၀)လုံးထက်မနည်း ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းများ စိတ်ကြိုက်ယူဆောင်သွား

ဆွမ်ပီယန်ကျေးရွာတွင် စစ်ကောင်စီတပ်သားများက နေအိမ် (၂၀)လုံးထက်မနည်း ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းများ စိတ်ကြိုက်ယူဆောင်သွား

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာတွင် ယမန်နေ့ မတ်လ (၈) ရက်နေ့က ပြည်သူများ၏ ဆိုင်ခန်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းများကို ကားဖြင့် စိတ်ကြိုက် သယ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများက နေအိမ်(၂၀)လုံးထက်မနည်း‌ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဆိုင်ခန်းအတွင်းရှိ ပစ္စည်းများကို မြစ်ကြီးနားသို့ စိတ်ကြိုက်သယ်ဆောင်သွားကြောင်း ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဆွမ်ပီယန်က ပြည်သူတွေရဲ့ ဆေးဆိုင်ခန်း ပစ္စည်းတွေ စစ်သားတွေက ကားနဲ့ကို သယ်ပြီး မြစ်ကြီးနားကို ယူဆင်းသွားတယ်။ ဆေးဆိုင်တွေဆို အကုန်ဝင်ပြီး ယူသွားကြတာ။ အိမ်(၂၀)လောက်ရှိမယ်။ သူတို့ကြိုက်တာ အကုန်ယူသွားကြတာ။ အိမ်တွေဆို ဖျက်ပြီး ဘီယာတွေ ယူသောက်နဲ့။ အဲဒီလို လုပ်နေတာတော့ တစ်ပတ်လောက် ရှိပြီ”ဟု ၎င်းက ပြောသည်။

ဆွမ်ပီယန်ကျေးရွာနေ ပြည်သူများသည် လက်ရှိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နေထိုင်ပါက ပစ်သတ်မည်ဟု စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်ပြောဆို ထားကြောင်းလည်း သိရသည်။

ပူတာအိုခရိုင်အတွင်းက လုံရှာယန်၊ ဆွမ်ပီယန်နဲ့ ဖတ်မာ စသည့် ကျေးရွာအနီးတစ်ဝိုက်တွင် မကြာခဏ ပစ်ခတ်သံများ ကြားနေရ‌ သောကြောင့်ဒေသခံပြည်သူ အများစု ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...