မိုးဗြဲမြို့ရှိ ၄၂၂ တပ်ရင်းက လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးပစ်ခတ်

မိုးဗြဲမြို့ရှိ ၄၂၂ တပ်ရင်းက လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးပစ်ခတ်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ပေါ်ရှိ စစ်ကောင်စီတပ် ၄၂၂ တပ်ရင်းက လူနေအိမ်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ထက်မနည််း ပစ်ခတ်ကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် MBPDFက မတ်လ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

မတ်လ ၇ ရက် နေ့ လယ် ၂ နာရီ ၁၅ မိနစ် ဝန်းကျင်တွင်မိုးဗြဲမြို့ မြောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းမှ မိုးဗြဲမြို့တောင်ဘက်ရှိ လူနေရပ်ကွက်များဆီသို့ ပစ်ခတ်ခြင်းများပြုလုပ်နေပြီး စစ်ကြောင်းထိုးရန် ပြင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

"လက်ရှိက စစ်ခွေးတွေ စစ်ကြောင်းထိုးနေတော့ ထိခိုက်မှုတွေတော့ သေချာမသိရသေးဘူး၊ အဲ့ရပ်ကွက်တွေမှာက သက်ကြီးပိုင်းတွေနဲ့ စစ်ရှောင်ဖို့ ခဲယဉ်းတဲ့သူတွေရှိနေတယ်၊ တချို့ နယ်မြေငြိမ်ပြီဆိုပြီး ပြန်နေတဲ့သူတွေလည်းရှိတယ်။ ပစ်တာကတော့ ဆယ်ကြိမ်ထက်မနည်းဘူး" ဟု မိုးဗြဲ PDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲရထားဘောင်လမ်းအတိုင်းမှ ဒုန်းဒူထန်ကျေးရွာနှင့် လွယ်ယင်းမင်္ဂလာကျေးရွာဘက်သို့ စစ်ကြောင်းဆက်လက်ထိုးရန်ရှိကြောင်းလည်း သတင်းရရှိထားပြီး မိုးဗြဲမြို့မှ ပြည်သူများအနေဖြင့် အသွားအလာပြုလုပ်ခြင်းများ မပြုလုပ်ကြရန် နှင့် လုံခြုံသည့် နေရာတွင် နေပေးကြရန် မိုးဗြဲ PDF က အသိပေးထားသည်။

" မနက်အစောကြီးကတည်းက ပစ်လိုက်တဲ့လက်နက်ကြီး၊နေ့လယ်လောက်ရောက်တော့ လေယာဥ် ၊ ညနေခင်းမှာ ဟတ်စကီး၊ တစ်ပြည်နယ်လုံးလည်း ယမ်းငွေ့တွေအပြည့်၊ ဘယ်လိုပဲဖြစ်ဖြစ် နောက်မဆုတ်သလို ကြောက်လည်းမကြောက်ပါဘူး။သို့ပေမဲ့ ဒီရက်ပိုင်း စကစ(စစ်ကောင်စီ)ဟာ သူတို့ မသင်္ကာတဲ့နေရာတွေ ပြည်သူလူထုစစ်ရှောင် တွေရှိတဲ့နေရာတွေကိုပါ ဗုံးကြဲလာနိုင်ပါတယ်။ ဒါကြောင့် ဗုံးခိုကျင်းကောင်းကောင်း နေထိုင်ရာ နေရာတိုင်းမှာ တူးထားပေးဖို့ ထပ်မံသတိပေးအပ်ပါတယ်"ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDFB - O2)ကလည်း ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ် နယ်ရာအနှံ့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြား နေ့စဉ်ထိတွေ တိုက်ပွဲများပြင်းထန်နေကြောင်း၊ စစ်ဘေးရှောင်များလည်း တိုးပွားလာနေပြီး ရိက္ခာနှင့်ဆေးဝါးလိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...