နန်းမားမြို့ဝင်ဆိုင်းဘုတ်အနီး စစ်ကောင်စီယဉ်တန်းအား KIA နှင့် PDF ပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်

နန်းမားမြို့ဝင်ဆိုင်းဘုတ်အနီး စစ်ကောင်စီယဉ်တန်းအား KIA နှင့် PDF ပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နန်းမားမြို့၊ မြို့ဝင်ဆိုင်းဘုတ် အနီးတွင် မိုးညှင်းမှ တက်လာသည့် စစ်ကောင်စီ ယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDFပူးပေါင်းတပ်တို့မှ ယနေ့နံနက်(၇)နာရီ ဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မိနစ်(၂၀)ဝန်းကျင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ခဏ ပစ်ကြတာပေါ့။ စစ်ကောင်စီတွေက လက်နက်ကြီးနဲ့ ပြန်ပစ်တာ‌ပေါ့။ မိုးညှင်းကနေ တက်လာရင် နန်းမားကြိုဆို ဆိုင်းဘုတ် အနီးမှာ ဖြစ်တာ။ ကားနဲ့ တက်လာတဲ့ သူတွေပေါ့။ မော်လူး၊ မော်ဟန်ကနေ တက်လာတဲ့သူတွေ ဟုတ်တယ်။ ကားဘယ်နှစ်စီးဆိုတော့ မသိရဘူး။ မိုင်းဆွဲတိုက်ခိုက်တာပေါ့။ အရမ်းကြီးတော့ တိုက်ပွဲ မပြင်းထန်ဘူး။ ဟိုဘက်က သွားလိုက်တော့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန် လိုက် ပစ်ကြတာ။ ဟိုပင်ဘက်နေရော သေနတ်သံတွေ ကြားတယ်။ "ဟု ဒေသခံက ရှင်းပြသည်။

ပစ်ခတ်မှု ဖြစ်ပြီးနောက် လမ်းသွား/လာ ပြည်သူများကို ယင်းနေရာမှ ဖြတ်သန်းခွင့် ပိတ်ထားခဲ့ပြီး လက်ရှိ ပုံမှန်အတိုင်း သွားလာနေကြပြီ ဖြစ်ကြောင်းလည်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...