ကနီမြို့နယ် ချောင်းမကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ မီးရှို့

ကနီမြို့နယ် ချောင်းမကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ မီးရှို့

စစ်ကိုင်းတိုင်း၊ ကနီမြို့ တောင်ဘက် ၁၃ မိုင်ခန့်အကွာ ချောင်းမကျေးရွာရှိ နေအိမ် ၂၇ လုံးကို စစ်ကောင်စီတပ်က မတ်လ ၆ ရက် ည ၁၀ နာရီ ဝန်းကျင်ခန့်တွင် အကြောင်းမဲ့ မီးရှို့ခဲ့ကြောင်း ဒေသခံက ပြောသည်။

”အဖွားတို့မှာ စစ်ကောင်စီတပ်တွေ လာပြီဆိုရင် ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိဘူး၊ ရင်တွေတုန် ဒူးတွေတုန် နဲ့လေ၊ သူတို့လာပြီ ဆိုတော့ အဖွားတို့မှာ မပြေးနိုင်ဘူး၊ သားလေးတွေက ထမ်းခေါ်ပြီး လွတ်ရာကို သွားနေရတာ၊ အခုလည်း အဖွားတို့ အသိုက်အမြုံလေး အိမ်ကလေးကို ရက်ရက်စက်စက် မီးရှို့ သွားတယ်၊ အဖွားမြေးတွေ သားသမီးတွေ ရှေ့ရေးတွေ တွက်ပြီး အဖွားဘယ်လိုမှ မဖြေနိုင်ဘူး” ဟု နေအိမ် မီးရှို့ခံရသည့် ဒေသခံ အဖွားအိုက ဆိုသည်။

ချောင်းမကျေးရွာသည် မုံရွာ -ယာကြီးနှင့် မုံရွာ-ကနီ လမ်းဆုံတွင် တည်ရှိပြီး မတ်လ ၅ ရက်နေ့က စစ်ကောင်စီ တပ်များ တပ်စွဲပြီးနောက် ညပိုင်းတွင် ရွာတွင်းရှိ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...