ပူတာအိုတွင် စက်သုံးဆီတစ်လီတာ ၄ ထောင်ကျပ်အထိ စျေးလျော့ကျလာ

ပူတာအိုတွင် စက်သုံးဆီတစ်လီတာ ၄ ထောင်ကျပ်အထိ စျေးလျော့ကျလာ

ကချင်ပြည်နယ် ပူတာအိုမြို့အတွင်း စက်သုံးဆီတစ်ပုလင်းလျှင် ရှစ်ထောင်ကျပ်မှ စျေး လေးထောင်အထိ ပြန်လည်လျော့ကျလာကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဆီပန့်ဆိုင်နှစ်ဆိုင်ပြန်လည်ဖွင့်လှစ်ပြီဖြစ်ပြီး ဆီစျေးများလည်းအနည်းငယ်လျော့ကျ လာကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ဆီပန့်ဆိုင်နှစ်ဆိုင်လောက်တော့ ပြန်ဖွင့်ပြီ။ဓာတ်ဆီစျေးကတော့ တစ်လီတာ ၂၅၀၀ လောက်တော့ ရှိတယ်။ ဒီဇယ်ဆီတွေလဲ သိပ်မကွာပါဘူး။တခြားဆီဆိုင်သေးသေးလေးတွေမှာကတော့ တစ်ပုလင်း ၄၀၀၀ လောက်နဲ့ရောင်းနေကြတာဟုတ်တယ်"လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောသည်။

ယခင်ရက်များတွင် ပူတာအိုမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် မြစ်ကြီးနား ပူတာအိုလမ်း ပိတ်ထားသည့်အတွက် စက်သုံး ဆီစျေးများ အဆမတန် မြင့်တက်ခဲ့ကာ ဓာတ်ဆီ တစ်ပုလင်းကို ရှစ်ထောင်ကျပ်နှင့် တစ်ဂါလံလျှင် နှစ်သောင်းကျပ်ဖြင့်  ပေးဝယ်သော်လည်း ရောင်းမည့်သူ မရှိသည့်အပြင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီပန့်ဆိုင်ကြီးများပိတ်ထားရသည့် အတွက် ဒေသခံများ အခက်အခဲနှင့်ရင်ဆိုင်ခဲ့ရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA/ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ ဖေဖော်ဝါရီလဆန်းပိုင်း တိုက်ပွဲဖြစ်ပွါးချိန်မှ စတင်ပြီး ဖေဖော်ဝါရီလ (၂၈ )ရက်နေ့အထိ မြစ်ကြီးနား-ပူတာအိုလမ်းကို စစ်ရေးအရ ပိတ်ပင်ထားခဲ့ပြီး   မတ်လ (၂)ရက်နေ့မှစ၍ စက်သုံးဆီ၊ကုန်တင်ယာဥ်များ ကို စတင်ဖြတ်သန်းခွင့်ပြုခဲ့သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...