မြောင်းမြတွင် စစ်ကောင်စီကို လိုင်းကြေးပေး၍ လောင်းကစားဝိုင်းများ လုပ်ကိုင်

မြောင်းမြတွင် စစ်ကောင်စီကို လိုင်းကြေးပေး၍ လောင်းကစားဝိုင်းများ လုပ်ကိုင်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ရှိ ကျေးရွာ အချို့တွင် စစ်ကောင်စီကို လိုင်းကြေးပေးပြီး သိန်းရာနှင့်ချီသည့် လောင်းကစားဝိုင်းများ လုပ်ကိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။

သိလ္လာကျေးရွာ၊ ဇလပ်ကွင်းကျေးရွာ၊ ကွမ်းခြံကြီးကျေးရွာ၊ ဘုရားငုတ်တိုကျေးရွာများတွင် အနီထောင်နှင့် ကြက်ဝိုင်းများ စစ်ကောင်စီကို လိုင်းကြေးပေးကာ ပေါ်ပေါ်တင်တင် လုပ်ကိုင်နေပြီး၊ လောင်းကစားဝိုင်းများ အနီးတွင် ထမင်းဆိုင်၊ မုန့်ဆိုင်များနှင့် အရက်၊ ဘီယာများ တရားဝင်သဖွယ် ရောင်းချနေကြောင်း သိရသည်။

“ဇလပ်ကွင်းက ကြက်ဝိုင်းနဲ့ အနီထောင်ဆိုရင် စကစ (စစ်ကောင်စီ) ကို တစ်ပတ် သိန်း ၃၀ ပေးပြီးတော့ လုပ်နေတာ၊ အချို့ သူဌေးတွေ မအားတဲ့ရက်မျိုး ကြက်ဝိုင်း မလုပ်ဖြစ်ရင်တောင် ရဲတွေက ဘာလို့မလုပ်တာလဲ ဆိုပြီး လာမေးတဲ့ အထိကို လွှတ်ပေးထားတာ၊ အနားမှာ သူဌေးတွေ တပည့်တွေက ထမင်းတွေ မုန့်တွေ ရောင်းတယ် အရက်နဲ့ ဘီယာပါ ချရောင်းတယ်၊ ရဲတွေနဲ့ စစ်သားတွေလည်း လာလာပြီးတော့ လောင်းကြတယ်၊ ရှုံးသွားရင် ပါလာတဲ့ ဆိုင်ကယ်တွေ ရွှေတွေပေါင်ဖို့ အတွက် အဆင်သင့် အပေါင်ခံမဲ့သူပါရှိတယ်” ဟု ဇလပ်ကွင်းကျေးရွာ အနီး နေထိုင်သူက ပြောသည်။

လောင်းကစားဝိုင်းများ တရားဝင်သဖွယ် စစ်ကောင်စီက ခွင့်ပြုထားပြီးနောက် မြောင်းမြမြို့ပေါ်တွင် ဆိုင်ကယ် ပျောက်ဆုံးမှုများနှင့် နေအိမ် ဆိုင်ခန်း ဖောက်ထွင်းခိုးယူ ခံရမှုများ မကြာခဏ ဖြစ်ပွားလာကြောင်း သိရသည်။

“လွန်ခဲ့တဲ့ နှစ်လလောက်က ဇလပ်ကွင်းက လောင်းကစားဝိုင်းနားမှာ လူတစ်ယောက် နေ့ခင်းဘက်ကြီး ဆိုင်ကယ် ရိုက်လုခံရတယ်၊ မြို့ပေါ်မှာလည်း ဆိုင်ကယ်တွေက တစ်ပတ်ကို နှစ်စီးလောက် ပျောက်နေတယ်၊ ဈေးကြီးတွေမှာလည်း ဆိုင်ခန်းတွေ မကြာခဏ အဖောက်ခံ နေရတယ်၊ မြို့ပေါ်မှာ လုံခြုံမှု မရှိတော့ဘူး” ဟု မြောင်းမြမြို့ခံက ပြောသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...