အလောင်းထုတ်ခ ကျပ်သိန်းချီ တောင်းခံသည့် မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို သတိပေးတိုက်ခိုက်ဟု MPR ဆို

အလောင်းထုတ်ခ ကျပ်သိန်းချီ တောင်းခံသည့် မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို သတိပေးတိုက်ခိုက်ဟု MPR ဆို

အလောင်းထုတ်ခ ကျပ်ငွေသိန်းချီ တောင်းခံနေသည့် မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ - Mandalay People Rescue(MPR )အဖွဲ့က ယနေ့ မတ်လ ၂ ရက်တွင် ထုတ်ပြန်သည်။

“ကျွန်တော်တို့ မြို့ပြအဖွဲ့တွေက အများပြည်သူပိုင်နေရာတွေကို မလုပ်ချင်ပါဘူး။ မနေ့ညက ဆေးရုံကြီး ၀င်ပစ်တာလည်း မတရားငွေတောင်းခံနေတဲ့ ရင်ခွဲရုံ ကို သတိပေးရုံလုပ်ခဲ့တာပါ။ Death Body တစ်ခုကို ရိုးရိုးဆို တစ်သိန်းလေးသောင်းကျပ်တောင်းပြီး၊ ကြာရှည်ခံဆေးထိုးမယ်ဆိုရင် နှစ်သိန်းကျော်တောင်းပြီး ရမှ ထုတ်ပေးတာကို တိုင်ကြားမှုအရစုံစမ်းပြီး သေချာလို့ ဗုံးပစ်သတိပေးခဲ့တာပါ” ဟု MPR တာ၀န်ရှိသူက ဆိုသည်။

မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ယမန်နေ့ည ၇ နာရီခန့်တွင် MPR အဖွဲ့က ဗုံးဖြင့် တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာ တွင် Non CDM ၀န်ထမ်းများနှင့် ငတ်ကြီးကျ ငွေတောင်းခံနေသော မန္တလေးဆေးရုံကြီး ရင်ခွဲရုံအား ပထမအကြိမ်သတိပေးခြင်းအဖြစ် ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ရင်ခွဲရုံတွင် အလောင်း ထုတ်ယူလိုပါက ငွေကြေး မတန်တဆ တောင်းယူမှု ရှိနေကြောင်းသိရသည်။

အလောင်းထိန်းသိမ်းခအဖြစ် ရိုးရိုးဆိုလျှင်ငွေကျပ် ၁၄၀,၀၀၀၊ ကြာရှည်ခံဆေးထိုးမည်ဆိုလျှင်၂၀၀,၀၀၀ကျပ် တောင်းယူနေမှုကြောင့် နာရေးရှင်များဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ် တိုင်ကြားခဲ့ကြကြောင်း ဆိုသည်။

နောက်တစ်ကြိမ် တိုင်ကြားစာ လက်ခံရရှိပါက မည်သူ့ကိုမှ ထောက်ထားမည်မဟုတ်ဘဲ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ဟု Mandalay People Rescue အဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...