အနုပညာရှင် ၅ ဦး လွတ်မြောက်ပြီဟု ပိုင်တံခွန်၏ ရှေ့နေပြောကြား

အနုပညာရှင် ၅ ဦး လွတ်မြောက်ပြီဟု ပိုင်တံခွန်၏ ရှေ့နေပြောကြား

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော အနုပညာရှင်များ အနက် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူများထဲမှ နာမည်ကြီး သရုပ်ဆောင် ငါးဦးမှာ အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ပိုင်တံခွန်၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှ သိရသည်။

"ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန် နဲ့ ဒါရိုက်တာဝိုင်းတို့ လွတ်လာပြီ။ သူတို့ကို မနက်စောပိုင်းထဲက လွှတ်ပေးတာဖြစ်လိမ့်မယ်။ ပိုင်တံခွန်ကတော့ အိမ်ပြန်ရောက်ပြီ" ဟု ရှေ့နေကြီး ဦးခင်မောင်မြင့်က မဇ္စျိမ ကို အတည်ပြုပြောကြားသည်။

ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်တိုက်ခန်း၌ ဖမ်းဆီးခံခဲ့ရသော ဒါရိုက်တာ ဝိုင်းကိုလည်း စစ်ဆေးဆဲ အမှုမှ ရုပ်သိမ်းပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ထို့အတူ အလှအပရေးရာ ဘလော့ဂါ မဝင်းမင်းသန်းကိုလည်း ၅၀၅ - က အမှု ရုပ်သိမ်းပေးခဲ့သော်လည်း ထပ်တိုးအမှုတစ်ခုအတွက် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

လွတ်မြောက်လာသောအနုပညာရှင်အားလုံးမှာ ယမန်နှစ်အတွင်းက အဖမ်းခံခဲ့ရပြီး ဒါရိုက်တာဝိုင်းက ဖေဖော်ဝါရီလ၊ လူမင်းက မတ်လ၊ အိန္ဒြာကျော်ဇင်နှင့် ပြေတီဦးတို့ဇနီးမောင်နှံက ဧပြီလနှင့် ပိုင်တံခွန်က ဧပြီလအတွင်း အသီးသီးအဖမ်းခံခဲ့ကြရကာ အင်းစိန်ထောင်အတွင်းမှ စစ်ကောင်စီဘက်က စွဲဆိုထားသော အမှုအတွက် တရားရင်ဆိုင်ခဲ့ကြရသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...