စစ်ကောင်စီတပ် မီးရှို့၍ ထန်တလန်မြို့ အိမ် ၁၀၀ ကျော် ပျက်စီး ၊ ၂၆ ကြိမ်မြောက် ရှို့ခံရခြင်းဖြစ်

စစ်ကောင်စီတပ် မီးရှို့၍ ထန်တလန်မြို့ အိမ် ၁၀၀ ကျော် ပျက်စီး ၊ ၂၆ ကြိမ်မြောက် ရှို့ခံရခြင်းဖြစ်

ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ထပ်မံ မီးရှို့ရာ အိမ်ခြေ ၁၀၁ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း Thantlang Placement Affairs Committee - IDP help က ယနေ့  မတ်လ ၁ ရက်တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ၂၇ ရက်နေ့ တို့တွင် ရှို့ခဲ့ခြင်း ဖြစ်ပြီး  (၂၆) ကြိမ်မြောက် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။ မီးရှို့ခံရသော ရပ်ကွက် နှင့် အိမ်အရေအတွက်မှာ Sianginn ရပ်ကွက်မှ ရှစ်အိမ် ၊ Zung hmun မှ ၂၄ အိမ် ၊ Market မှ ၂၂ အိမ် ၊ Biakinn မှ  ၄၂ အိမ် နှင့် TABC မှ  ငါးအိမ်တို့ ဖြစ်သည်။

“စစ်ကောင်စီ တပ်တွေက CDF တွေကို မနိုင်လို့ ပြည်သူတွေ စိတ်နာအောင် ၊ ကြောက်သွားအောင် အခုလို အိမ်တွေကို မီးရှို့နေတာ။ ကျွန်တော်တို့ဘက်ကတော့ ရှေ့ဆက်မယ့် ခြေလှမ်းတွေ အတွက် တစ်စင်တီမီတာတောင် နောက်ဆုတ်မှာ မဟုတ်ဘူး ” ဟု TPAC - IDP help မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထန်တလန်မြို့တွင်း၌ စစ်ကောင်စီ တပ်ဖွဲ့များနှင့် ချင်းကာကွယ်ရေး တပ်ဖွဲများသာ နေထိုင် လျက်ရှိရာ ကြိုးကြား ပစ်ခတ်မှုများ အမြဲတမ်း ဖြစ်ပွားလေ့ ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့များသည် သေနတ်သံ ကြားရပြီး ပစ်ခတ် ခံရပြီဆိုလျှင် ကျည်လာရာ လမ်းကြောင်း ထင်ရသည့်ဘက်သို့ လက်နက် ကြီးငယ်များ သာမက မီးလောင်နိုင်သော မီးလောင်ဗုံးများဖြင့်ပါ ပစ်ခတ်သဖြင့် ယခုကဲ့သို မီးအကြိမ်ကြိမ် လောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ထန်တလန်မြို့တွင် အိမ်ခြေ ၁၈၀၀ ဝန်းကျင်ရှိပြီး ၁၀၄၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်ကလည်း စစ်ကောင်စီ တပ်သားများက ထန်တလန်မြို့ပေါ် ရှိ အိမ်များကို မီးရှို့ခဲ့ရာ အိမ်ခြေ  ၂၂ လုံး ပြာကျ သွားခဲ့ကြောင်း TPAC က ထုတ်ပြန်ခဲ့သည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...