ဗ.က.သ များ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုထက်အောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချ

ဗ.က.သ များ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုထက်အောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချ

ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင် ပေါင်းတည်မြို့မှ ဗ.က.သ များ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုထက်အောင်ကို အကြမ်းဖက် စစ်ကောင်စီက ယနေ့ မတ်လ ၁ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့ကြောင်း ပြည်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က သတင်း ထုတ်ပြန်သည်။

ကိုထက်အောင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်တွင် ပြည်တွင်းစစ် ဆန့်ကျင်မှု ရခိုင်အရေး ဆန္ဒ ထုတ်ဖော် ခဲ့ခြင်းကြောင့် ထောင်ဒဏ် တစ်နှစ် ချမှတ် ခံခဲ့ရပြီး စစ်ကောင်စီ လက်ထက်တွင် ပြန်လည် လွတ်မြောက်သည်။ ထို့နောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညတွင် ပေါင်းတည်မြို့ရှိ ၎င်းနေအိမ်၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

“သူက NLD လက်ထက်မှာ ထောင်ကျပြီး ပြန်လွတ်လာတာ အိမ်မှာ နေနေတာကို စစ်တပ်က လာဖမ်းသွားတာ။ အကြမ်းဖက် ဥပဒေပုဒ်မ (၅၂) နဲ့ ထောင် လေးနှစ် ချခံလိုက်ရတာ။ နောက်ပြီး သူက ရှေ့နေ မငှားဘူးဗျ” ဟု ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ကိုထက်အောင်သည် ပြည်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ် ကျောင်းသား တစ်ဦး ဖြစ်ပြီး ပြည်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း ဖြစ်သည်။

မုံရွာ စီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုရှင်းသန့်နှင့် ဥက္ကဋ္ဌဟောင်း ကိုရွှေဝင်းအောင်တို့ကိုလည်း စစ်ကောင်စီက ထောင်ဒဏ် နှစ် နှစ်စီ ချမှတ် ခဲ့သည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...