မဲဆောက်မှာ အသီးရွက်ကားနဲ့ထွက်ပြေးတဲ့ PDF ၁၅ ဦး ဖမ်းဆီးခံရဆိုတဲ့သတင်းအမှား

မဲဆောက်မှာ အသီးရွက်ကားနဲ့ထွက်ပြေးတဲ့ PDF ၁၅ ဦး ဖမ်းဆီးခံရဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို “ ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ အသီးရွက်တင်ဆောင်တဲ့ ကားအတွင်း ပုန်းခိုဝှက်ပြီး ထွက်ပြေးလာခြင်းဖြစ်ကြောင်းသိရတယ်။ ဖမ်းဆီးမိတဲ့ မြန်မာ PDF များကို မဲဆောက်မြို့ရဲစခန်းအချုပ်ကို ခေါ်ဆောင်သွားကြောင်းသိရတယ်။” လို့ မာနခဲလေး ချစ်တဲ့မောင် အကောင့်ကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

 

မာနခဲလေး ချစ်တဲ့မောင် အကောင့်ကနေ ရေးသားဖော်ပြထားတဲ့ မဲဆောက်မှာ အသီးရွက်ကားနဲ့ထွက်ပြေးတဲ့ ၁၅ဦး ဖမ်းဆီးခံရဆိုတဲ့သတင်းဟာအမှားဖြစ်ပါတယ်။ မာနခဲလေး ချစ်တဲ့မောင် အကောင့်ကနေ ရေးသားဖော်ပြထားသလို ဖမ်းဆီးခံရသူတွေဟာ PDF များမဟုတ်ပါဘူး၊ ထိုင်းနိုင်ငံကိုအလုပ်သွားလုပ်လိုတဲ့ မြန်မာနိုင်ငံသားများဖြစ်ပါတယ်။  

ဖမ်ဆီးခံ မြန်မာနိုင်ငံသားများမှာ အမျိုးသား ၆ဦး၊ အမျိုးသမီး ၆ဦးနဲ့ ကလေးငယ်များအပါအဝင် စုစုပေါင်း ၁၅ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထိုင်နိုင်ငံထဲဝင်ရောက်နိုင်ဖို့အတွက် ပွဲစားခ တစ်ယောက်ကို ဘတ် ၂၀,၀၀၀ စီပေးခဲ့ရတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နဲ့ ၂၆ ရက်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ထိုင်းဘက်ကို တရားမဝင်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား အမျိုးသား ၅၂ဦး၊ အမျိုးသမီး ၁၇ဦး၊ စုစုပေါင်း ၆၉ ဦးကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ ဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။

မဲဆောက်မှာ အသီးအရွက်ကားတွင်းလိုက်ပါလာတဲ့ မြန်မာများဖမ်းဆီးခံရတဲ့သတင်းအမှန်ကို သတင်းဌာနကြီးများဖြစ်တဲ့ DVB  မှာလည်းဝင်ရောက်ရှာဖွေဖတ်ရှုနိုင်ပါတယ်။

နိုင်ငံမတည်မှုများကြာက စာဖတ်သူများအနေနဲ့ သတင်းတု၊ သတင်းအမှားများကို သတိထားစေလိုပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...