ကာမိုင်း-လဝါး လမ်းဆုံဂိတ်တွင် စစ်ကောင်စီတပ်သားများတပ်ဆုတ်

ကာမိုင်း-လဝါး လမ်းဆုံဂိတ်တွင် စစ်ကောင်စီတပ်သားများတပ်ဆုတ်
ကာမိုင်း-လဝါးလမ်းဆုံဂိတ်
ကာမိုင်း-လဝါးလမ်းဆုံဂိတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်း-လဝါးလမ်းဆုံဂိတ်နှင့် တနိုင်းမြို့ ကောင်ရာဂိတ်များတွင် တပ်ထိုင်နေသည့် စစ်ကောင်စီတပ်သားများ တပ်ဆုတ်သွားပြီဖြစ်ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့ ကာမိုင်း-လဝါးလမ်းဆုံဂိတ်တွင်ဖေဖော်ဝါရီလ(၂၄)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယင်းနေ့မှာပင် စစ်ကောင်စီတပ်သားများ ထွက်ခွာသွားပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကားမိုင်း-လဝါးဂိတ်မှာက ဘယ်သူမှ မရှိတော့ဘူး။ တားတာလည်း မရှိတော့ဘူးပေါ့။ တိုက်ပွဲဖြစ်တဲ့(၂၄)ရက်နေ့မှာပဲ မရှိတော့တာ။ ကောင်ရာက ဂိတ်ရောပဲ။ ဂိတ်နှစ်ခုပေါ့ လူမရှိတော့ဘူး။ (၁၀)ယောက်လောက်တော့ အမြဲရှိတဲ့ ဂိတ်ဟုတ်တယ်။ ကောင်ရာမှာရော အတူတူပဲ။ လမ်းပိတ်ပြီး ဆိုင်ကယ်တွေဆို တွန်းပြီး ဖြတ်ခိုင်း၊ ကားတွေတား အဲဒီလို လုပ်တဲ့ နေရာဟုတ်တယ်"ဟု ၎င်းက ဆိုသည်။

ယင်းဂိတ်များသည် လမ်းသွား/လာ ပြည်သူများကို စစ်ဆေးမှု ပြုလုပ်နေသည့် ဂိတ်ဖြစ်ကြောင်းလည်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...