တက္ကသိုလ်ဝင်စာမေးပွဲများ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပသွားမည်ဟုဆို

တက္ကသိုလ်ဝင်စာမေးပွဲများ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပသွားမည်ဟုဆို
ကိုဗစ်ကာလ မတိုင်ခင်က  စာမေးပွဲ ဖြေဆိုပြီး ကျောင်းသူ၊ သားများ  (Internet)
ကိုဗစ်ကာလ မတိုင်ခင်က စာမေးပွဲ ဖြေဆိုပြီး ကျောင်းသူ၊ သားများ (Internet)

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်မှ ကျောင်းသား/ ကျောင်းသူ တစ်သောင်းကျော် ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"ကျွန်မတို့ ဒီနှစ်ကတော့ အတွင်းရော အပြင်ဖြေရော တစ်သောင်းကျော်ရှိတယ်။ ကိုဗစ်ကလည်း ပြန်ဖြစ်နေတော့ ကျန်းမာရေးမှူးတွေနဲ့ တိုင်ပင်ပြီး ကိုဗစ်စည်းကမ်းတွေနဲ့ အညီပြုလုပ်သွားပါမယ်။ နောက်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို တခြားအန္တရာယ်တွေကနေ ကာကွယ်ဖို့လည်း စဥ်းစားနေရတယ်"ဟု ၎င်းက ပြောသည်။

တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ကျောင်းတွင်းမှ ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ ၉၂၁၉ ဦးနှင့် ပြင်ပမှ ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ ၂၆၉၇ဦး စုစုပေါင်း ၁၁၉၁၆ဦး ဖြေဆိုမည် ဖြစ်သည်။

မွန်ပြည်နယ်ရှိ ကျောင်းများတွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်နေသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ကျင်းပရန် စီစဥ်နေခြင်း ဖြစ်သည်။

အစင်ကျေးရွာတွင် ကျောင်းသား/ ကျောင်းသူ ၁၆၀ ကျော် ကိုဗစ် ၁၉ကူးစက်ခံထားရပြီး မွန်ပြည်နယ်တွင် နေ့စဥ် ကိုဗစ်အတည်ပြုလူနာ ၂၀၀နီးပါး တွေ့ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...