ကလေးမြို့ သံဖိုရွာအနီးမှာရှိတဲ့ PDF အကြမ်းဖက် စခန်း ၁ ခုအား သိမ်းဆည်းရရှိဆိုတဲ့ သတင်းအမှား

ကလေးမြို့ သံဖိုရွာအနီးမှာရှိတဲ့ PDF အကြမ်းဖက် စခန်း ၁ ခုအား သိမ်းဆည်းရရှိဆိုတဲ့ သတင်းအမှား

ဒီသတင်းအမှားကို Fifty Two News အကောင့်မှာ “ဖေဖော်ဝါရီ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ သံဖိုရွာအနီးမှာ လုံခြုံရေးအဖွဲ့များ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်စခန်း ၁ ခုကို ကျား ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ မှန်ပြောင်း ၁  လက်၊ ၁၂ ဗို့ကျည် ၃၄ တောင့်၊ လူနေတဲ ၂၃ လုံး၊ ယူနီဖောင်း ၂ စုံ၊ ယမ်းကြိုး/ ယမ်းမှုန့်များ၊ ဆက်စပ်ပစ္စည်းများနဲ့အတူ သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ - ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG)  ဘက်ကိုဆက်သွယ်မေးမြန်တဲ့အခါသတင်းအမှားဖြစ်ကြောင်းအခုလိုပြောပါတယ်။

“ကျနော်တို့ရရှိတဲ့ သတင်းအချက်လက်တွေအရ ပြည်သူတွေနေထိုင်တဲ့ စစ်ဘေးရှောင်စခန်း ပြည်သူတွေ နေထိုင်တဲ့နေရာတစ်ခုပဲခင်ဗျ…PDF စခန်းတော့မဟုတ်ဘူး… ရရှိတဲ့ သတင်းအချက်တွေအရ စခန်းသိမ်းမိ တယ်ဆိုတာကတော့ သတင်းအမှားပါ”

ဒီအကြောင်းနဲ့ပတ်သက်ပြီး သံဖိုရွာသားတစ်ဦးကလည်း “အဲ့ဒီစစ်ရှောင်စခန်းမှာ ရွာသားတွေနေတာ တစ်နှစ်နီးပါးရှိပါပြီ၊ စစ်ကောင်စီဘက်က PDF စခန်းလို့ ဝါဒဖြန့်ပြီးရေးတယ်။ ဒါပေမယ့် အဲ့ဒါက ရွားသားတွေစစ်ရှောင်နေတဲ့နေရာပါ” လို့ သတင်းတစ်ခုမှာ ‌ပြောထားပါတယ်။

စစ်ကောင်စီများက PDF စခန်းလို့ဆိုကာ လက်နက်ကြီးများနဲ့ပစ်ခတ်သိမ်းယူခဲ့တဲ့  စစ်ရှောင်စခန်းဟာ ကလေးမြို့နယ် သံဖိုရွာအနောက်ဘက် ချင်းတောင်ခြေရင်းမှာတည်ရှိတာဖြစ်ပါတယ်။

ထိုပစ်ခတ်မှုများကြောင့် စစ်ရှောင်းစခန်းမှာရှိတဲ့ အမျိုးသားတစ်ဦးဟာ လက်နက်ကြီးကြောင့် ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရှိခဲ့တာပဲဖြစ်ပါတယ်။

Fifty Two News သတင်းအမှားမှာဖော်ပြထားသလို PDF စခန်းမဟုတ်ပါဘူး။ ဒါကြောင့်ပြည်သူတွေအနေနဲ့ သတင်းတွေဖတ်တဲ့အခါ ယုံကြည်စိတ်ချရတဲ့သတင်းဌာနက သတင်းတွေကိုသာဖတ်ပြီးပြန်လည်မျှဝေသင့်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုကြားက သတင်းတု သတင်းအမှားကို အထူဂရုပြုသင့်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...