Published
Friday, February 25, 2022
CNF ဗဟိုဌာနချုပ် ဝိတိုရိယမှာ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို စည်ကားစွာကျင်းပ
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ထန်တလန်မြို့ကလွဲပြီး ချင်းပြည်နယ် ၈ မြို့နယ်မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပခဲ့ပြီး ပြည်သူတွေပူးပေါင်းပါဝင်မှုမရှိတာကြောင့် တိတ်ဆိတ်ခြောက်ကပ်ခဲ့ပါတယ်။
ချင်းအမျိုးသားတပ်ဦး(CNF)ဗဟိုဌာနချုပ် ဝိတိုရိယမှာတော့ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။






