ကာမိုင်း-လဝါး လမ်းဆုံဂိတ်တွင် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်နေ

ကာမိုင်း-လဝါး လမ်းဆုံဂိတ်တွင် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကားးမိုင်း-လဝါး လမ်းဆုံဂိတ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့ ယမန်နေ့ (ဖေဖော်ဝါရီ၊၂၄ )နံနက်(၇)နာရီ အချိန့်ကစ၍ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ကာမိုင်းစစ်တပ်ဗျူဟာဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူနေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ကားမိုင်ဂိတ်မှာ(၇)နာရီကနေ။ ကားမိုင်းဗျူဟာဘက်နေ ပစ်နေတာ။  ခုထိလည်း အသံတွေကြားနေရဆဲပဲ"ဟု ၎င်းက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကားမိုင်းမြို့နေ ပြည်သူများ ဘေးလွတ်ရာကို တိမ်းရှောင်ရန် ပြုလုပ်နေကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

"ဆုတောင်းတဲ့သူက တောင်းနဲ့။  လက်နက်ကြီးတွေလည်း ပစ်ပေးတော့ ကားမိုင်ကျေးရွာ ပြည်သူတွေတော့ ပြေးနေကြတယ်။ လက်နက်ကြီးတွေ ပစ်နေကြတော့ လဝါးဘက်ကလည်း ကြောက်နေရတာပေါ့။"ဟု ၎င်းက ဆိုသည်။

လက်ရှိ ဖြစ်ပွားနေ‌သည့် တိုက်ပွဲသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)အောက်၊ တပ်ရင်း(၄၅)တို့ ဖြစ်ကြောင်းလည်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...