ဒုရဲအုပ် ချယ်ရီထက်အမှု သက်သေ မလာရောက်၍ ရုံးချိန်းရွှေ့ဆိုင်း

ဒုရဲအုပ် ချယ်ရီထက်အမှု သက်သေ မလာရောက်၍ ရုံးချိန်းရွှေ့ဆိုင်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ဒုရဲအုပ် ချယ်ရီထက် ရင်ဆိုင်နေရသည့် ပုဒ်မ ၅၀၅ (က) အမှု ရုံးချိန်းကို သက်သေ မလာရောက်သည့်အတွက် မတ်လ ၃ ရက်နေ့သို့ ရွေ့ဆိုင်း လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူထံက သိရသည်။

ယနေ့ ရုံးချိန်းသည် ဒုရဲအုပ် ချယ်ရီထက် ဘက်က တင်သွင်းထားသော ခံပြသက်သေကို စတင်စစ်ဆေးရန် ချိန်းဆိုထားခြင်း ဖြစ်သည်။ အမှုအတွက် ဒုရဲအုပ် ချယ်ရီထက်ဘက်က ခံပြသက်သေ ၁၁ ဦး တင်သွင်းထားသည်။

ယခင် ရုံးချိန်းတွင် ဒုရဲအုပ် ချယ်ရီထက်က ၎င်းစွဲဆိုခံထားရသည့် အမှုနှင့် ပတ်သက်ပြီး အပြစ်မရှိကြောင်း ကိုယ်တိုင် လျှောက်လဲချက် ပေးခဲ့သည်။

ယခု ၅၀၅ (က )အမှုမှာ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်၊ ၇ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ရေးသားခဲ့သည့် အကြောင်း အရာများ၊ ဇွန်လတွင် NLD အမတ် ဒေါ်သီရိရတနာ နှင့် ဆက်သွယ်ခဲ့ခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ သတင်း ထုတ်ပြန်ချက်များကို ပေးပို့ခြင်းနှင့် ပြည်ပသတင်းဌာနများ၏ သတင်း ရုပ်သံဖိုင်များ အပြန်အလှန် ပေးပို့ခြင်းများ ပြုလုပ် ခဲ့သည်ဟု ဆိုပြီး စွဲဆို ခံထားရသည့် အမှု ဖြစ်သည်။

ဒုရဲအုပ် ချယ်ရီထက်သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နေပြည်တော်၌ ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်ပြီး ရဲတရားရုံးက ချမှတ်ထားသည့် ရဲဝန်ထမ်းဆိုင်ရာ ဥပဒေနှင့်လည်း ထောင် သုံးနှစ် ချမှတ် ခံထားရသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...