ကားမိုင်း-လဝါး လမ်းဆုံဂိတ် တိုက်ပွဲအပြီး ဒေသခံအမျိုးသားတစ်ဦး မိုင်းထိသေဆုံး

ကားမိုင်း-လဝါး လမ်းဆုံဂိတ် တိုက်ပွဲအပြီး ဒေသခံအမျိုးသားတစ်ဦး မိုင်းထိသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကားးမိုင်း-လဝါး လမ်းဆုံဂိတ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့တိုက်ပွဲကြောင့် ကားမိုင်းမှ ဒေသခံ အမျိုးသားတစ်ဦး ‌မိုင်းထိသေဆုံးပြီး (၄)ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကားမိုင်းဒေသခံတစ်ဦးကပြောသည်။

” သူအဖေက အိမ်သာတက်နေတာ။ အိမ်သာမှာကို မှိုင်းပစ်ထည့်ပေးပြီး အပြင်ကနေ သေနတ်နဲ့ ပစ်ပေး လို့ အဲ့ဒီမှာပဲ ဆုံးသွားတယ်။ကလေးတွေကျတော့ အိမ်ထဲမှာပုန်းနေတာပေါ့။ မိုင်းစကြောင့် နည်းနည်းထိသွားတယ် ”ဟု ကာမိုင်းဒေသခံ တစ်ဦးကပြောသည်။

ယင်း သေဆုံးသူသည် ကားမိုင်းဂိတ်တွင် ဗျုဟာမှူးအား ကားဖြင့် ကြို /ပို့ လုပ်ပေးနေသူဖြစ်ပြီး ရပ်ကွက်တွင်ဒလန်ဟု နာမည်ထွက်နေသူဖြစ်ကြောင်းလည်း ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိအခြေအနေတွင် ထိခိုက်ဒဏ်ရာရသော ကလေး (၄)ယောက်မှာ ကြီးကြီးမားမား စိုးရိမ်စရာမလိုကြောင်းလည်း သိရသည်။

ကချင်လွတ်လပ်ရေး တပ်မတော်(KIA) နှင့်စစ်ကောင်စီတို့ ကာမိုင်း- လဝါးလမ်းဆုံတွင်ယနေ့မနက် (၇)နာရီချိန်မှစပြီး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လက်ရှိအချိန်တွင် အပြန်အလှန်ပစ်ခတ်မှု မရှိတော့ပေ။

တိုက်ပွဲဖြစ်ပွားသည့် တပ်များမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)အောက်၊ တပ်ရင်း(၄၅)တို့ ဖြစ်ကြောင်းလည်း သိရသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...