တတိယအကြိမ် ICJ ကြားနာမှု မြန်မာအကြမ်းဖက်စစ်ကောင်စီ ပိတ်သိမ်းခံရ စစ်ခေါင်းဆောင် (၃)ဦး ICJ မှ အမှုသီးသန့်စစ်ဆေးမည် ဆိုတဲ့သတင်းအမှား

တတိယအကြိမ် ICJ ကြားနာမှု မြန်မာအကြမ်းဖက်စစ်ကောင်စီ ပိတ်သိမ်းခံရ စစ်ခေါင်းဆောင် (၃)ဦး ICJ မှ အမှုသီးသန့်စစ်ဆေးမည် ဆိုတဲ့သတင်းအမှား

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့အမှု နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာမှုတွေ စတင်နေပါတယ်။

မြန်မာဘက်က လျှောက်လဲချက်ပေးဖို့အတွက် စစ်ကောင်စီကိုယ်စားလှယ် ဦးကိုကိုလှိုင်က သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဂျပန်နာမည်နဲ့ အကောင်းတစ်ခုမှာတင်ထားတဲ့ သတင်းအမှားမှာဖော်ပြထားတာကတော့ “တတိယအကြိမ် ICJ ကြားနာမှု မြန်မာအကြမ်းဖက်စစ်ကောင်စီ ပိတ်သိမ်းခံရ စစ်ခေါင်းဆောင် (၃)ဦး ICJ မှ အမှုသီးသန့်စစ်ဆေးမယ်” ဆိုပြီး YouTube Link နဲ့တကွဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းမှန်မမှန် စစ်ဆေးကြည့်တဲ့အခါမှာ တိကျတဲ့ သတင်းအချက်အလက်တွေကို သတင်းဌာနကြီးတွေမှာ တင်ထားတာမတွေသေးပါဘူး။ အဲ့ဒီအပြင် VOA မှာလည်း “ICJ အမှု မြန်မာစစ်ကောင်စီကိုယ်စားလှယ်ဦးကိုကိုလှိုင်နဲ့ VOA မေးမြန်းမှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးမြန်းမှုမှာလည်း အဲ့အကြောင်းပါဝင်ခြင်းမရှိတဲ့အတွက် “တတိယအကြိမ် ICJ ကြားနာမှု မြန်မာအကြမ်းဖက်စစ်ကောင်စီ ပိတ်သိမ်းခံရ စစ်ခေါင်းဆောင် (၃)ဦး ICJ မှ အမှုသီးသန့်စစ်ဆေးမယ်” ဆိုတာသတင်းအမှားဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲထားတဲ့အမှုအတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နယ်သာလန်စံတော်ချိန် နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ဒုတိယ အကျော့ တင်ပြမှာဖြစ်ပြီး ၂၈ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ဒုတိယအကျော့ တင်ပြမှာဖြစ်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...