ပထမဆုံးအကြိမ် မွန်အမျိုးသားညီလာခံ ကျင်းပခဲ့သော ဘလောက်ဘုန်းကြီကျောင်း ပင်မဆောင် မီးလောင်မှုဖြစ်ပွား

ပထမဆုံးအကြိမ် မွန်အမျိုးသားညီလာခံ ကျင်းပခဲ့သော ဘလောက်ဘုန်းကြီကျောင်း ပင်မဆောင် မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာရှိ ပထမဆုံးအကြိမ် မွန်အမျိုးသားညီလာခံ ကျင်းပခဲ့သော ဘလောက်ဘုန်းကြီးကျောင်း၊ ပင်မအဆောင် ဖေဖော်ဝါရီ ၂၂ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ည ၈နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသက်နိုင်ခဲ့သော်လည်း အဆိုပါ ကျောင်းဆောင်မှာ မီးလောင် ဆုံးရှုံးခဲ့ရကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သံဖြူဇရပ်မြိုနယ်မှ ဒေသခံ တစ်ဦးက “ဘုန်းကြီးတွေ တရားထိုင်နေတဲ့အချိန်မှာ ယူဆတာကတော့ ဝါယာကြိုးပဲ ယူဆတယ်။ အဲကနေစပြီး မီးလောင်ပြီးတော့ ကျွန်တော်ကို ခေါ်လို့ ကျွန်တော်သွားတယ်။ မီးငြိမ်းပေးတယ်”ဟု ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း ပင်မကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဘလောက်ဘုန်းကြီးကျောင်းအတွင်း ရှိ အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့် (၃၅)ပေရှိ အုတ်စီ၊ သွမ်မိုးအုတ်၊ ပျဉ်ခင်း၊ ပင်မ(၂)ထပ်ဆောင်၊ အပေါ်ထပ်ခေါင်းရင်းဘက်ရှိ မွေ့ရာနှင့် အသုံးအဆောင်ပစ္စည်းများ သိုလှောင်ထားသည့် အခန်း၌ အသုံးပြုရန် တပ်ဆင် ထားသော ဝါယာကြိုးများမှ ရှော့ဖြစ်ကာ  မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဘလောက်ကျောင်းသည် ၁၉၄၆ ခုနှစ်က ပထမဆုံးအကြိမ် မွန်အမျိုးသားညီလာခံ ကျင်းပခဲ့သော ဘုန်းကြီးကျောင်းဖြစ်ကြောင်း သိရသည်။

August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...