ခရမ်းမြို့နယ် ပညာရေးမှူးရုံး အဝေးပစ်လောင်ချာဖြင့် ပစ်ခံရ

ခရမ်းမြို့နယ် ပညာရေးမှူးရုံး အဝေးပစ်လောင်ချာဖြင့် ပစ်ခံရ

ရန်ကုန် တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပညာရေးမှူးရုံးကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက် ည ၇ နာရီ ၃၇ မိနစ်တွင် အဝေးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ခရမ်း) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ခရမ်း ပညာရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို အဝေးပစ်လောင်ချာ M79 နဲ့ ပစ်ခတ်ခဲ့တာပါ။ သူတို့ စုနေတဲ့ နေရာ တည့်တည့်ကို ကျသွားတယ်။ ငါးဦး သေတယ်။ ဒဏ်ရာ ရသူတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ပညာရေးမှူးရုံးသည် ပဲခူး-ခရမ်း-သုံးခွ လမ်းမကြီးပေါ်တွင် တည်ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည်မှာ ငါးလခန့် ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာ ရရှိကာ စစ်ကား တစ်စီးလည်း ပျက်စီးခဲ့သည်။ ကာကွယ်ရေး တပ်ဖွဲ့ဘက်ကမူ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပြန်ရှာလို့ရတဲ့ ငွေနဲ့ ပြန်မရနိုင်တဲ့ အသက်တွေရင်းပြီး တော်လှန်နေတဲ့ သူတွေကို ကူညီ စေချင်ပါတယ်။ ကျွန်တော်တို့ ကြိုးစားနေတဲ့ အတွက် ပြည်သူတွေ အနေနဲ့ စိတ်မပျက်နဲ့၊ ရှေ့ဆက်မယ်။ မီးပွားတွေစုရင် မီးဟုန်းဟုန်း တောက်ရမယ်” ဟု ခရမ်း PDF တာဝန်ရှိသူက ဆိုသည်။

ခရမ်းမြို့နယ်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့က စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက် ရှိပြီး စစ်ကောင်စီဘက်က သေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာ ရရှိမှုများ ရှိနေသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...