စစ်ကောင်စီ၏ ဗိုလ်ရှုခံပွဲ တက်ရောက်သည့် ထားဝယ်ရိုးရာအကအဖွဲ့ COVID-19 ကူးစက်ခံရ

စစ်ကောင်စီ၏ ဗိုလ်ရှုခံပွဲ တက်ရောက်သည့် ထားဝယ်ရိုးရာအကအဖွဲ့ COVID-19 ကူးစက်ခံရ
စစ်ကောင်စီ၏ ဗိုလ်ရှုခံပွဲ တက်ရောက်သည့် ထားဝယ်ရိုးရာအကအဖွဲ့ COVID-19 ကူးစက်ခံရ
စစ်ကောင်စီ၏ ဗိုလ်ရှုခံပွဲ တက်ရောက်သည့် ထားဝယ်ရိုးရာအကအဖွဲ့ COVID-19 ကူးစက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် စစ်ကောင်စီက ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗိုလ်ရှုခံပွဲ တက်ရောက် ကပြသည့် ထားဝယ်ရိုးရာ အကဖွဲ့ တစ်ဖွဲ့လုံး COVID-19 ရောဂါ ကူးစက်ခံထား ရကြောင်း ထားဝယ် အခြေစိုက် ကျန်းမာရေး အဖွဲ့အစည်းများထံမှ သိရသည်။

လက်ရှိတွင် COVID-19 ကူးစက်ခံထား ရသည့် ထားဝယ်ရိုးရာ အကဖွဲ့သည် ထားဝယ်မြို့နယ် ဘုမ္မော်ရပ်ကွက်၊ သီတဂူဆေးရုံရှိ ကိုဗစ် စင်တာတွင် Quarantine ဝင်နေရသည်ဟု ထားဝယ်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထားဝယ် အခြေစိုက် ပရဟိတ ကျန်းမာရေး အဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက "ထားဝယ် ရိုးရာ အကဖွဲ့ တစ်ဖွဲ့လုံး Quarantine ဝင်နေရတာ ဟုတ်ပါတယ်။ ရုံးဝန်ထမ်းတွေလည်းပါတယ်။ လက်ရှိ ဆေးကုသမှု ခံရနေရပါတယ်"ဟု ပြောသည်။

အဆိုပါ အကအဖွဲ့ သည် ဖေဖော်ဝါရီ ၁၂ ရက်က  နေပြည်တော်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက် အလေးပြု ဖျော်ဖြေခဲ့သော အဖွဲ့ဖြစ်ကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

COVID-19 ရောဂါ ကူးစက်မှုကြောင့် ထားဝယ်ခရိုင်ရှိ မြို့နယ် နှစ်မြို့နယ်တွင် အသက် ၆၀ ကျော် အမျိုးသမီး နှစ်ဦး သေဆုံးထားသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...