စာရေးဆရာမောင်သာချိုနှင့် ဆရာထက်လင်းဦးတို့ကို စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်

စာရေးဆရာမောင်သာချိုနှင့် ဆရာထက်လင်းဦးတို့ကို စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်

စာရေးဆရာနှစ်ဦးဖြစ်သူ ဆရာမောင်သာချိုနှင့် ဆရာထက်လင်းဦးတို့ကို ယနေ့(ဖေဖော်ဝါရီ ၂၂ ရက်)တွင် မြောက်ဥက္ကလာပမြို့နယ်အထူးတရားမှ နိုင်ငံရေးပုဒ်မဖြစ်သည့် ပုဒ်မ၅၀၅-က နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။

ဆရာမောင်သာချိုကို ရာဇတ်သတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် ထောင်ဒဏ်(၂)နှစ်နှင့် ဆရာထင်လင်းဦးကို ပုဒ်မ-၅၀၅(က)ဖြင့် ထောင်ဒဏ်(၃)နှစ်စီ အသီးသီးချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးမှ DMG ကိုပြောသည်။

"ဆရာမောင်သာချိုကိုကော ဆရာထင်လင်းဦးကို ပုဒ်မ-၅၀၅(က)နဲ့ ထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။ ဆရာမောင်သာချိုက(၂)နှစ်နဲ့ ဆရာထင်လင်းဦးကိုတော့(၃)နှစ် ထောင်ဒဏ်တွေကို မြောက်ဥက္ကလာပမြို့နယ်တရားရုံးကနေ ချမှတ်သွားတာဖြစ်ပါတယ်"ဟု ၄င်းမှပြောသည်။

စစ်တပ်မှအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဆရာမောင်သာချိုနှင့် ဆရာထင်လင်းဦးတို့ကို စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပုဒ်မ-၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ကာ တစ်နှစ်ကျော်အကြာတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြစ်ဒဏ်ချမှတ်ခံရသော စာရေးဆရာနှစ်ဦးစလုံးမှာ ထောင်တွင်း၌ ကျန်းမာရေးကောင်းမွန်နေကြောင်း ၄င်းတို့နှင့်နီးစပ်သူတစ်ဦးမှဆိုသည်။

"လက်ရှိအချိန်အထိ ဆရာနှစ်ဦးစလုံးက ကျန်းမာရေးကောင်းနေပါတယ်။ အခြားထွေထူးတော့မရှိပါဘူး။ ဖျားနာတာအနည်းငယ်သာရှိပါတယ်"ဟု ၄င်းမှဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ မြန်မာစာဆရာကြီး ဦးမြင့်ဇော်(ရွှေတံခါး)ကို မြောက်ဥက္ကလာပမြို့နယ်အထူးတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။

ဆရာဦးမြင့်ဇော်ကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ သူ၏နေအိမ်မှ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီမှဖမ်းဆီးခဲ့သည်။ ၎င်းကို မြောက်ဥက္ကလာပမြို့နယ်တွင်ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ပါဝင်မှု၊ PDF နှင့် NUG အဖွဲ့တို့ကို ဆက်သွယ်ပြီးငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဆရာမြင့်ဇော်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး အင်းစိန်ထောင်သို့ပို့ဆောင်ထားရကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...