အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်က ‌နေလှန်းဆားကွင်းများ ပျက်စီး

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်က ‌နေလှန်းဆားကွင်းများ ပျက်စီး
နေလှန်းဆားကွင်း
နေလှန်းဆားကွင်း

မွန်ပြည်နယ်အတွင်း ဖေဖော်ဝါရီ ၁၈ ရက် နှင့် ၁၉ရက် နှစ်ရက်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့သောကြောင့် နေလှန်းဆားကွင်းများ ပျက်စီးခဲ့ပြီး ဆားပိဿာချိန် သောင်းနှင့်ချီ ဆုံးရှုံးခဲ့ကြောင်း ဆားတောင်သူများထံက သိရသည်။

မိုးရွာသွန်းမှုကြောင့် နေလှန်းဆား ပိဿာချိန် ခြောက်သောင်း‌ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ‌ဆားတောင်သူ တစ်ဦးက ပြောသည်။

"ဆားကွင်းတစ်ခုမှာ တစ်ခါကြုံးရင် ပိဿာချိန် ခြောက်သောင်း‌လောက်ရတယ်။ ဆားတွေကလည်း ကြုံးလို့ရတော့မယ့် အခြေအနေပါပဲ။ မိုးက ရုတ်တရက်ရွာလိုက်တော့ အားလုံးသွားကုန်တာပေ့ါ"ဟု ၎င်းက ပြောသည်။

‌ဆားများကို နေပြန်လှန်းရမည်ဖြစ်သောကြောင့် ယခုနှစ်တွင် ဆားအထွက်နှုန်း နောက်ကျနိုင်ပြီး အထွက်နှုန်းလည်း လျော့ကျ‌မည်ဖြစ်ကြောင်း အချို့ဆားကွင်းများသည် ပင်လယ်ရေသွင်းထားသော အချိန်တွင် မိုးရေဝင်လာသောကြောင့် ပျက်စီးခဲ့ရကြောင်း ၎င်းက ပြောသည်။

နှစ်စဉ် ဖေဖော်ဝါရီလ နှင့် မတ်လသည် ဆား ပုံမှန်ထွက်သည့် ရာသီ ဖြစ်ကြောင်း ဆားတောင်သူများထံက သိရသည်။

ဆားဖျက်မိုး ရွာသွန်းခဲ့သောကြောင့် ဆားကွင်းအားလုံး ပျက်စီးခဲ့ပြီး ပြန်လည်ပြင်ဆင်ရန် အချိန် တစ်လခန့် ကြာမည်ဖြစ်ကြောင်း သံဖြူဇရပ်က ဆားတောင်သူ တစ်ဦးက ပြောသည်။

"ရေရော ဆားပွင့်တွေတော့ အားလုံးရပြီ ဆားကြုံးဖို့ပဲ ကျန်တော့တာ အဲဒါကို မိုးရွာချတော့ တစ်စင်လုံး ပျက်ကုန်တာပေါ့။ ပြန်ပြင်ရင်တောင် အစအဆုံး ပြန်လုပ်ရမှာ ရေသွင်းတာရော နေပွင့်တာရော စောင့်ရမှာ"ဟု ၎င်းက ပြောသည်။

၂၀၂၁-၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ် နေလှန်းဆားရာသီ၌ လိုင်စင်တင်ထားသော ဆားလုပ်ကွက် ဧကပေါင်း ၄၂၄၁ ဒဿမ ၉၀ဧက ရှိပြီး ဆားကြမ်းတန်ချိန် ၄၂၅၀၁၀ ခန့် ထုတ်လုပ်ရန် လျာထားကြောင်း ဆားလုပ်ငန်းဦးစီးဌာနက သိရသည်။

နေလှန်းဆားကို ရေးမြို့နယ် အပြင် သံဖြူဇရပ်၊ ပေါင်မြို့နယ်တို့တွင်လည်း အဓိက ထုတ်လုပ် လုပ်ကိုင်နေကြသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...