စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော် လိုက်ပါသည့် ယာဉ်တန်းကို ယင်းမာပင်မြို့နယ် အရှေ့ဘက် နှောရိုးရွာအနီး ယနေ့ ဖေဖော်ဝါရီ ၂ ၁ရက် နံနက် ၇ နာရီကျော်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြောက်ကျားအဖွဲ့က ပြောသည်။

စစ်ကောင်စီကား ၁၀ စီးပါ ယာဉ်တန်းကို မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရှေ့ဆုံးကား တစ်စီး ထိခိုက်ခဲ့သည်ဟု သိရသည်။ ယာဉ်ပေါ်တွင်ပါသည့် စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း အဆိုပါ အဖွဲ့က ပြောသော်လည်း အတိအကျကိုမူ အတည်မပြုနိုင်သေးပေ။ ဝန်ကြီးချုပ် ဦးမြတ်ကျော်ကိုမူ ထိခိုက်ခြင်း မရှိခဲ့ပေ။

“ကျွန်တော်တို့က မိုင်းနဲ့တိုက်ခိုက်ခဲ့လို့ သူတို့ဘက်က အထိနာ သေဆုံးမှုတွေရှိတယ်။ လူနာတင်ကားနဲ့ သူတို့ရဲ့ ရဲဘော်တွေကို လာသယ်သွားကြတယ်" ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှေ့တန်းရောက် ရဲဘော်က ပြောသည်။

ဦးမြတ်ကျော် ပါသည့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့သည် ယင်းမာပင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ပြုလုပ်သည့် အောက်စီဂျင်စက်ရုံဖွင့်ပွဲကို သွားရောက်စဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

မိုင်းဆွဲ တိုက်ခိုက်မှုအပြီး မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားများက စက်သေနတ် မော်တာ၊ လက်နက်ကြီးများဖြင့် ဒရစပ် ပစ်ခတ်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကမူ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း ယင်းမာပင်မြို့အရှေ့ဘက် ဖိုလ်ဝင်တောင်အနီးတွင် ယင်းမာပင်ခရိုင် ပူးပေါင်း (PDF) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တစ်ညနေလုံး နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...