စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ ဟုဆို

စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ ဟုဆို

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ခါနန်‌ကျေးရွာဘက်သွားလမ်းတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီစစ်ကြောင်း ယနေ့ နေ့လယ်(၁၂)နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

ဝဝမ်ကျေးရွာသို့ စစ်အင်အားဖြည့်တင်းရန် လာစဉ် ခါနန်ရပ်ကွက်နှင့် ဝဝမ်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဒီနေ့ သုံးခါလောက်ခွဲတယ်။ စစ်သားတွေက ရွာနှစ်ခုရဲ့ ကြားမှာ။ (၁၂)နာရီလောက်မှာ ဖြစ်တာ။ သုံးခါ ဆက်တိုက် ဟုတ်တယ်။ ဘယ်သူတွေ ခွဲတာလဲတော့ မသိဘူး။ ဒဏ်ရာရတာတွေလည်း မကြားမိသေးဘူး။ခါနန်၊ ဝဝမ်က လူအချို့တော့ ရှောင်နေကြပြီ။ လက်နက်ငယ် ပစ်သံတော့ မကြားရဘူး။ သတင်းကို နားစွင့်ပြီး နေနေကြရတယ်။”ဟု ၎င်းက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ မိုးမောက်တပ်စခန်းဘက်သို့ ပြန်လှည့်သွားကြောင်းလည်း ဒေသခံက ဆိုသည်။

ဝဝမ်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...