ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း ပြောင်းရွှေ့ရေးအတွက် အကူအညီများ အရေးပေါ်လိုအပ်နေ

ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း ပြောင်းရွှေ့ရေးအတွက် အကူအညီများ အရေးပေါ်လိုအပ်နေ

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက်၊ ဘောလုံးကွင်းရှိ စစ်ဘေးရှောင်စခန်းကို ရွာသစ်ရပ်ကွက်၊ ကန်ဆိပ်ကွင်းရပ်ကွက်သို့ရွှေ့ပြောင်းရန်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိစစ်ဘေးရှောင်များနေထိုင်သည့် ဘောလုံးကွင်းကို ပြန်လည်ပြုပြင်ပြီး အားကစားကွင်းပြုလုပ်မည်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်ဖယ်ရှားပေးရန် မြို့မိမြို့ဖများမှ စစ်ဘေးရှောင်များကို လာရောက်အကြောင်းကြားခဲ့သည်။ ထိိုသို့ပြောင်းရွှေ့ရန်အတွက် လက်ရှိအချိန်ထိ အခက်ကြုံနေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဝင်းမြတ်က DMG သို့ပြောသည်။

“အသစ်ပြောင်းမယ့်နေရာမှာ စခန်းဆောက်ဖို့အတွက် သစ်တွေဝါးတွေကိုတော့ UNHCR ကနေ ထောက်ပံ့ပေးထားပါတယ်။ဒါပေမယ့် ကျွန်တော်တို့မှာက ပြောင်းရွှေ့စရိတ်တွေ၊ ဆောက်မယ့်စရိတ်တွေ၊ မြေယာငှားရမ်းခတွေအတွက် အကူအညီတွေလိုအပ်နေပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါနေရာသစ်တွင် စစ်ဘေးရှောင်များနေထိုင်ရန် မြေနှစ်ဧကကိုငှားရမ်းထားပြီး တစ်နှစ်လျှင်ငွေကျပ်သိန်း ၂၀ ပေးရန် မြေပိုင်ရှင်မှ တောင်းခံထားကြောင်းနှင့် လက်ရှိတွင် လိုအပ်သည့်ငွေကြေးအချို့ကို မြို့ပေါ်ရှိ အပေါင်ဆိုင်များမှချေးငှားကာ ဆောင်ရွက်နေရကြောင်းလည်း ကိုအောင်ဝင်းမြတ်ကပြောသည်။

“တိုက်ပွဲတွေမရှိတော့ လူတွေကလည်း စစ်ဘေးရှောင်တွေဘက်ကို အာရုံမစိုက်နိုင်ကြတော့ဘူး။ ကျွန်တော်တို့ စစ်ဘေးရှောင်တွေမှာလည်း အလုပ်အကိုင်ကအတည်တကျမရှိတော့ ဝင်ငွေမရှိ။ ဝင်ငွေမရှိတော့ စခန်းပြောင်းဖို့အတွက် အခက်အခဲတွေအများကြီးဖြစ်တာပေါ့”ဟု သူကရှင်းပြသည်။

လက်ရှိတွင် အသစ်ပြောင်းရွှေ့မည့်နေရာတွင် တဲအိမ် ၄၀ သာဆောက်လုပ်ပြီးစီးသေးကြောင်းနှင့် လက်ရှိ ဆောက်လုပ်ထားသောစခန်းနေရာမှာ လျှပ်စစ်မီး၊ ရေနှင့် သွားရေးလာရေးအဆင်မပြေမှုများရှိနေကြောင်း စခန်းတာဝန်ရှိသူများထံမှသိရသည်။

မိမိတို့အနေဖြင့် နေရပ်သို့ပြန်လိုသော်လည်း တောတောင်ထဲတွင် ကျန်ရှိနေမည့် စစ်ကျန်လက်နက်များ၏အန္တရာယ်ကို စိုးရိမ်သည့်အတွက် မြို့တွင်းရှိ ရရာအလုပ်များကိုလုပ်ကိုင်နေရသည်ဟု  ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ မနှင်းအေးစိုးက ဆိုသည်။

“ကျွန်မတို့ကို မြို့ထဲမှာ အလုပ်ရှိရင်လာခေါ်တယ်။ တရက်ကို ခြောက်ထောင်လောက်ရတယ်။ အဲ့ဒါကလည်းနေ့တိုင်းမဟုတ်ဘူး။ တစ်ပတ်မှာ နှစ်ခါတောင်မသေချာဘူး။ အဲ့ကပိုက်ဆံလေးရလာမှ လိုအပ်တာလေးတွေကိုနည်းနည်းစီဝယ်ရတယ်”ဟု သူကဆိုသည်။

ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၈၂ စု၊ လူဦးရေ ၆၉၀ ဦးရှိကာ မြေပုံမြို့နယ်အတွင်းမှ ညောင်ကန်၊ ဟင်းခရော် စသည့်ကျေးရွာများနှင့် အမ်းမြို့နယ်အတွင်းမှ ဆင်ဦးဒိုက်၊ ဒါးလက်၊ သရက်ပင်ချောင်း စသည့်ကျေးရွာများမှ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

ပုံစာ - အသစ်ဆောက်လုပ်နေသည့် စစ်ဘေးရှောင်စခန်းအားတွေ့မြင်ရစဉ်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...