အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၌ ယုံကြည်မှုနှင့် ရိုးသားမှုကို စစ်ကောင်စီ ပြသရမည်ဟု စင်ကာပူ ပြော

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၌ ယုံကြည်မှုနှင့် ရိုးသားမှုကို စစ်ကောင်စီ ပြသရမည်ဟု စင်ကာပူ ပြော

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဖော်ဆောင်ရာတွင် မြန်မာစစ်ကောင်စီအနေဖြင့် ယုံကြည်မှုနှင့် ရိုးသားမှုကို ပြသရမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘယ်လာခရစ်ရှန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်ကို စစ်ကောင်စီက ခွင့်ပြုပေးသော အတိုင်းအတာကို မူတည်၍ ၎င်းတို့၏ ယုံကြည်မှုနှင့် ရိုးသားမှုကို အကဲဖြတ်ရလိမ့်မည်ဟုလည်း ၎င်းက ပြောသည်။

“အထူးကိုယ်စားလှယ်ဟာ အဓိကပုဂ္ဂိုလ်တွေနဲ့ တွေ့ခွင့်မရဘူး ဆိုရင်တော့ သူ့ရဲ့ အခန်းကဏ္ဍကို ဆိုးဆိုးဝါးဝါး လျှော့ချခံရတာပဲ ဖြစ်ပြီး ပြဿနာ ဖြေရှင်းရေးဟာ အမှန်တကယ် ပိုခက်ခဲလိမ့်မှာ ဖြစ်တယ်”ဟု ဖနွမ်းပင်တွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ လူကိုယ်တိုင်တက်ရောက်ပြီးနောက် အွန်လိုင်းမှ အင်တာဗျူးတစ်ရပ်တွင် ဒေါက်တာ ဘယ်လာခရစ်ရှန်းက ပြောခြင်း ဖြစ်သည်။

ရင်ကြားစေ့ရေးနှင့် ဆွေးနွေးပွဲများ ဖော်ဆောင်ရေးမှာ စစ်ကောင်စီမှာပင် နောက်ဆုံး တာဝန်ရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အကြံပေးပါလို့ ခင်ဗျားတို့က ကျွန်တော့်ကို တိုက်တွန်းတယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ဘယ်လို ပြဿနာကိုမှ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်လိမ့်မယ်လို့ တွေးတောလို့ကို မရဘူး၊ ဒါဟာ ကျွန်တော့် ရပ်တည်ချက်တော့မဟုတ်ပါ၊ တောင်းဆိုတာလည်း မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

အာဆီယံ အုပ်စု လက်ရှိ ဥက္ကဋ္ဌမှာ ကမ္ဘောဒီးယား ဖြစ်ခြင်းကြောင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် လက်ထောက်ဝန်ကြီးချုပ်ဖြစ်သူ ပရတ် ဆော့ခွန်းသည် လက်ရှိ မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ဖြစ်သည်။

မြန်မာနိုင်ငံသို့ သွားရောက်ရန် ကြိုးစားနေကြောင်းနှင့် ‘အကြမ်းဖက်များ’ အဖြစ် တံဆိပ်အကပ်ခံရသော NUG အဝေးရောက်အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြောဆိုခွင့်ကို ခွင့်ပြုပေးရေးအတွက် စစ်ကောင်စီကို မေတ္တာရပ်ခံထားကြောင်း ပရတ် ဆော့ခွန်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ရက်တာ အစည်းအဝေး၌ ပြောခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

ဖြုတ်ချခံ မြန်မာအစိုးရ အဖွဲ့ဝင်များနှင့် စစ်တပ်ဆန့်ကျင်သူများ ပါဝင်သည့် NUG နှင့် တွေ့ဆုံဆွေးနွေးခွင့်သည် စစ်ကောင်စီ၏ ကန့်ကွက်နေခြင်းကြောင့် ရှုပ်ထွေးခက်ခဲနေကြောင်း ၎င်းက ပြောခဲ့သည်.

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှစကာ ဝရုန်းသုန်းကား အခြေအနေ ဆိုက်နေသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...