ပူတာအိုမြို့တွင် စက်သုံးဆီများ ပြတ်လပ်နေ

ပူတာအိုမြို့တွင် စက်သုံးဆီများ ပြတ်လပ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်သို့ စက်သုံးဆီများ သယ်ယူခွင့် ပိတ်ခံထားရသဖြင့် ဆီပြတ်လပ်မှုရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇယ်ဆီသည် လွန့်ခဲ့သည့် နှစ်ရက်ခန့်ကစပြီး လုံးဝပြတ်လပ်သွားပြီး ဒီဇယ်ဆီဖြင့် မောင်းနှင်းရသည့် ယာဉ်များ အားလုံးကို ရပ်နားလိုက်ပြီ ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်တွင် စက်သုံးဆီဆိုင် အားလုံးနီးပါးကို  ပိတ်ထားကြပြီဖြစ်ပြီး ‘တိုင်းကျော်’ စက်သုံးဆီဆိုင် တစ်ခုသာ ၎င်းတို့တွင်ကျန်ရှိသည့် လက်ကျန်ဓာတ်ဆီကို အကန့်အသတ်ဖြင့် ပြည်သူများကို ရောင်းချပေးနေရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဆီတွေကမြစ်ကြီးနားမှာ အများကြီးရှိပေမယ့် ပူတာအိုကိုသယ်လို့ မရဘူးတဲ့။ အခုတိုင်းကျော်က ဓာတ်ဆီပဲနည်းနည်းရောင်းတာ။ ဒီဇယ်က လုံးဝပိတ်လိုက်တယ်။” ဟု ဒေသခံက ဆိုသည်။

လက်ရှိတွင်ပေါက်ဈေးမှာ ဓာတ်ဆီတစ်လီတာလျှင် ၂၁၀၀ ကျပ် ဝန်းကျင်ဖြင့် တစ်ဦးလျှင် တစ်သောင်းကျပ်အထိသာ ဝယ်ယူနိုင်သည်ဟုလည်းသိရသည်။

လက်ရှိအချိန် ပူတာအိုမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး  မြို့အဝင်ဂိတ်များအား ပိတ်ထားသည့်အတွက် စက်သုံးဆီများ ပြတ်လပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...