မိုးမောက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် KIAတို့ တိုက်ပွဲဖြစ်ပွား၍ ဒေသခံများတိမ်းရှောင်

မိုးမောက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် KIAတို့ တိုက်ပွဲဖြစ်ပွား၍ ဒေသခံများတိမ်းရှောင်
တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာကြသည့် ဒေသခံများ။
တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာကြသည့် ဒေသခံများ။

ကချင်နယ်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဝဝမ်ကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နယ်မြေထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ ခ.မ.ရ(၄၃၇)တပ်ရင်းတို့ ယနေ့နံနက်(၁၁)နာရီကျော် နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သား အင်အား(၁၀၀)ဝန်းကျင်က KIAနယ်‌မြေထဲသို့ ဝင်ရောက်လာသောကြောင့် (၁)နာရီဝန်းကျင်ခန့် နှစ်ဖက်တပ် တိုက်ပွဲပြင်းခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"စစ်ကောင်စီတပ်တွေက မိုးမောက်ဘက်ပဲနေတာ။ သူတို့က ခု မိုးမောက်အပြင်ဘက် KIA‌ တွေနေတဲ့ နေရာဘက် တက်လာကြတာပေါ့။ ဝဝမ်ကျေးရွာမှာ ဖြစ်တာ။ (၈)နာရီကနေ (၁၀)နာရီထိ။ စစ်တပ်ဘက်ကနေ လာပစ်တာ။ မိုးမောက်မြို့ အနီးက ရွာပဲ။ (၁)နာရီလောက်လက်နတ်ပစ်သံတွေ ကြားရတယ်"ဟု ၎င်းက ဆိုသည်။

တိုက်ပွဲကြောင့် ကျေးရွာနေပြည်သူများက နီးစပ်ရာ ဘုရားကျောင်းဝင်းများဆီ ရှောင်တိမ်းနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" ဘုရား‌‌ကျောင်းဝင်းတွေမှာ ရှောင်နေရတယ်။ ရွာနား ‌ရှေ့မှာတင် လက်နက်သံတွေ ကြားလာရတော့ ပြေးရတာ‌ပေါ့"ဟု ၎င်းက ဆိုသည်။

ယခု တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၃) အောက်၊ တပ်ရင်း(၁၅)နယ်မြေ ဖြစ်ကြောင်းလည်း သိရသည်။

April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...