စစ်လက်နက်များ တင်ဆောင်လာဖွယ်ရှိသော အီရန်လေယာဉ် ၁ စင်း နေပြည်တော်သို့ ဆင်းသက်

စစ်လက်နက်များ တင်ဆောင်လာဖွယ်ရှိသော အီရန်လေယာဉ် ၁ စင်း နေပြည်တော်သို့ ဆင်းသက်

စစ်ကောင်စီအတွက် စစ်လက်နက်များ တင်ဆောင်လာသည်ဟု ယူဆနိုင်သော အီရန်လေယာဉ်တစ်စင်းသည် နေပြည်တော်သို့ ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီ ၂၄ မိနစ်တွင် ဆင်းသက်ခဲ့ကြောင်း Asia Times သတင်းက ဖော်ပြသည်။

ယခု အစောပိုင်းကလည်း စစ်ဘက်ဆိုင်ရာနှင့် နှီးနွယ်သူအချို့ ပါဝင်နိုင်သော အီရန်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းသည် ၂၀၂၁ ဖေဖော်ဝါရီ၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အီရန်၏ နှစ်ကြိမ်မြောက် သို့မဟုတ် သုံးကြိမ်မြောက် လာရောက်မှု ဖြစ်နိုင်သည်။

လာမည့် နံနက်၌ မြန်မာနိုင်ငံသို့ အီရန်လေယာဉ်တစ်စင်း ဆင်းလက်လိမ့်မည်ဖြစ်ကြောင်းကို ခိုင်မာသည့် သတင်းရင်းမြစ်က Asia Times ဆောင်းပါးရှင် David Hutt သို့ ပြောသည်။ စစ်ကောင်စီသို့ အီရန်မှ မည်သည့် ပစ္စည်းများ ပေးပို့သည်ကို သတင်းရင်းမြစ်က အတိအကျ မပြောနိုင်သော်လည်း ထိုလေယာဉ်တွင် စစ်လက်နက်ပစ္စည်းများ ပါဝင်သော ကုန်သေတ္တာ ၂၁ လုံး ပေးပို့လိမ့်မည်ဖြစ်သည်ဟု ဆိုသည်။

(ပြဿနာဝိုင်းနေသော စစ်ကောင်စီက လေကြောင်းမှ တိုင်ရင်းသားလက်နက်ကိုင်များနှင့် PDF ကို တိုက်ခိုက်ရာတွင် အားဖြည့်မည့် ပဲ့ထိန်းဒုံးကျည်များ ဖြစ်နိုင်သည်ဟု ဇန်နဝါရီလအတွင်း သတင်းရင်းမြစ်အချို့က ထင်ကြေးပေးထားသည်)

ယခု အီရန်လေယာဉ်သည် ငွေချေပေးဆောင်သော အမေရိကန်ဒေါ်လာများ တင်ဆောင်ရင်း ဗုဒ္ဓဟူးနေ့ သို့မဟုတ် ကြာသပတေးနေ့တွင် နေပြည်တော်မှ ထွက်ခွာကာ အီရန်သို့ ပြန်မည်ဖြစ်ကြောင်း ဆောင်းပါးရှင်က အင်္ဂါနေ့တွင် သတင်းရရှိသည်။

ပေါက်ကြား ထောက်လှမ်းရေးသတင်းကို ကိုးကားပြီး သတင်းရင်းမြစ်က “ဒီ လေယာဉ်ဟာ ဒရုန်းအချို့နဲ့ ဆီးရီးယားစစ်ပွဲမှာ သုံးစွဲစမ်းသပ်ခဲ့တဲ့ ဓာတုလက်နက်တွေကို တင်ဆောင်လာလိမ့်မယ်၊ ထပ်ပြောရရင် ဒီ အီရန်လေယာဉ်ဟာ ဥဇဘက်ကစ္စတန်မှာ ရပ်နားပြီး မြန်မာနိုင်ငံမှာ ပိုက်ဆံတွေ ရိုက်ထုတ်ဖို့ စက္ကူနဲ့ လိုအပ်ပစ္စည်းတွေ သယ်ဆောင်လာနိုင်တယ်”ဟု ဆိုသည်။ Asia Times အနေဖြင့် ယင်း ပြောဆိုချက်ကို အတည်မပြုနိုင်ပေ။

အီရန်နိုင်ငံသည် ဖိနှိပ်ချုပ်ချယ်သော အစိုးရအချို့အပြင် ဆီးရီးယားနှင့် ယီမင်ပြည်တွင်းစစ်တွင် မိတ်ဖက်ဖြစ်သော လက်နက်ကိုင်များကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေသည်ဟု စွပ်စွဲခံရကြောင်း ဆောင်းပါးရှင်က ဇန်နဝါရီလအတွင်း ရေးသားခဲ့သည်။

ပြီးခဲ့သည်နှစ်က အာဏာသိမ်းပြီးနောက်ပိုင် မြန်မာနိုင်ငံသို့ စစ်လက်နက်များ ရောင်းချနေရာတွင် ရုရှနှင့်အတူ အိန္ဒိယအပါအဝင် အခြား စစ်လက်နက်ထုတ်နိုင်ငံများလည်း ပါဝင်ကြောင်း Asia Times က ဖော်ပြသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံကို နိုင်ငံတကာ လက်နက်ရောင်းချမှု ပိတ်ပင်ရန် တိုက်တွန်းထားသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...