Published
Thursday, February 17, 2022
စစ်ကောင်စီက လက်နက်ကြီးရမ်းသန်းပစ်ခတ်တာကြောင့် နေအိမ်နဲ့စပါးကျီမီးလောင်ပျက်စီး
- စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသန်းပစ်ခတ်တဲ့အတွက် ဒီးမော့ဆိုမြို့နယ် ထေးငှားလျားကျေးရွာက နေအိမ်တစ်လုံးနဲ့စပါးကျီတစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
- စစ်ဘေးရှောင်တွေအတွက် ဒီးမော့ဆိုမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ခါနာန်ဆေးရုံမှာ ဆေးဝါးကိရိယာတွေလိုအပ်နေပါတယ်။
- စစ်ဘေးရှောင်စခန်းတွေမှာ တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းတွေ စီစဉ်ဆောင်ရွက်ပေးနေပါတယ်။






