စစ်တွေတက္ကသိုလ်တွင် ဆရာ၊ဆရာမများအပါအဝင် ဝန်ထမ်း ၅၀ ကျော် ကိုဗစ်ပိုးကူးစက်ခံထားရ

စစ်တွေတက္ကသိုလ်တွင် ဆရာ၊ဆရာမများအပါအဝင် ဝန်ထမ်း ၅၀ ကျော် ကိုဗစ်ပိုးကူးစက်ခံထားရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်မှ ဆရာ၊ဆရာမများအပါအဝင် ဝန်ထမ်း ၅၀ ကျော်တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး တက္ကသိုလ်ကိုပြန်ပိတ်ရန်မရှိသေးကြောင်း စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှ သိရသည်။

“မနေ့ကစစ်တဲ့အထဲမှာ တက္ကသိုလ်ဝန်ထမ်း ၅၀ ကျော်မှ ကိုဗစ်ပိုးတွေ့တယ်။ အဲဒီအထဲမှာ ဆရာ၊ ဆရာမတွေအချို့လည်းပါတယ်။ အကုန်လုံးကတော့ ရောဂါအခံမရှိကြဘူး။ ပိုးတွေ့တဲ့သူတွေကို စောပြည့်ညိုအဆောင်မှာ Quaratine ထားထားတယ်။ ကျောင်ကတော့ ပုံမှန်ပါပဲ။ ကျောင်းပိတ်ဖို့အစီအစဉ်မရှိသေးဘူး”ဟု စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှ ဦးကျော်နိုင်ဦးက DMG သို့ပြောသည်။

ယမန်နေ့(ဖေဖေါ်ဝါရီလ ၁၅ ရက်)တွင် စစ်တွေတက္ကသိုလ်မှ ဝန်ထမ်း ၅၀ ကျော်နှင့် လေယာဉ်စီးခရီးသည် ၁၀ ကျော်တို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

ထိုပိုးတွေ့ရှိသူများထဲမှ ၁၂ ဦး၏ နှာခေါင်းနှင့် အာခေါင်တိုဖတ်တို့ကို အိုမီခရွန်ဟုတ်/မဟုတ်သိရှိစေရန် ရန်ကုန်သို့ စစ်ဆေးရန်ပို့ဆောင်ထားကြောင်း ၎င်းကဆိုသည်။

“ပိုးတွေ့တာကတော့ ၇၁ ဦးတွေ့တယ်။ အဲဒီထဲမှ စစ်တွေတက္ကသိုလ်က ဝန်ထမ်းတွေနဲ့ လေယာဉ်စီးခရီးသည်တွေပါတယ်။ ကျွန်တော်တို့က ရောဂါအခံရှိတဲ့သူတွေဆိုရင် ဆေးရုံမှာကုသမှုခံယူစေတယ်။ ရောဂါအခံမရှိဘူးဆိုရင်တော့ Home Quraratine ထားတယ်။ အိုမီခရွန်ပိုးကိုကျတော့ ဒီမှာစစ်လို့ မရဘူး။ အိုမီခရွန်ဟုတ်/မဟုတ်ကိုသိဖို့အတွက် ရန်ကုန်မှာ စစ်ဆေးနေပါတယ်”ဟု ဒေါက်တာစိုးဝင်းပိုင်းက DMG သို့ပြောသည်။

စစ်တွေတက္ကသိုလ်တွင် (ဒုတိယနှစ်)ဥပဒေမေဂျာတက်ရောက်နေ့သည့် ကိုဘုန်းပြည့်ဖြိုးက “အခုလက်ရှိက ကျောင်းမှာကိုဗစ်တွေ့ရှိတယ်ဆိုတော့ ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ စိုးရိမ်မှုရှိတာပေါ့။ နောက်ပြီးတော့ အခုပိုးက အိုမီခရွန်ဖြစ်ဖို့ပိုများတယ်ဆိုတော့ ကူးစက်နိုင်ခြေကပိုမြင့်တယ်။ ကျောင်းကလူအုပ်လိုက်တက်နေရတာဆိုတော့ စိုးရိမ်မှုရှိတယ်”ဟု ၄င်းကဆိုသည်။

စစ်တွေတက္ကသိုလ်တွင် ကျောင်းသား ၄၀၀ ကျော်ရှိပြီး ယင်းအထဲမှ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်မှာ ကိုဗစ်ဆေးနှစ်ကြိမ်ထိုးထားပြီးဖြစ်ကြောင်း စစ်တွေတက္ကသိုလ်သင်တန်းရေးရာဌာနမှ ဦးကျော်နိုင်ဦးကပြောသည်။

ကူးစက်မူမြန်ဆန်သည့် အိုမီခရွန်သည် ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်ပြီး မပြင်းထန်သော COVID-19 အခြေအနေမှ ပြင်းထန်သော ဖျားနာခြင်းနှင့်သေဆုံးခြင်းတို့အထိဖြစ်စေနိုင်ကာ အသက်အရွယ်ကြီးသူများ၊ ရောဂါအခံရှိသူများ(သို့)ကာကွယ်ဆေး မထိုးနှံရသေးသူများသည် ရောဂါပိုးကူးစက်ခံရနိုင်သည့် အန္တရာယ်ပိုမိုမြင့်မားနိုင်ကြောင်း ကျန်းမာရေးဌာနမှထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၅၂၈၆ ဦးရှိကာ သေဆုံးသူ ၅၀၁ ဦးထိရှိခဲ့ပြီး ဆေးရုံတွင် လက်ရှိကုသနေဆဲဦးရေမှာ ၃၆ ဦးဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရသိရသည်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်းလေယာဉ်စီးခရီးသည်မည်သူမဆို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစတင်ပြီး ၄၈ နာရီအတွင်း (Rapid Response Team-RRT) ကိုဗစ်ပိုးစစ်ဆေးမူခံယူရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...