စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ပျက်ကျ

စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ပျက်ကျ

စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်း အတွင်း ပျက်ကျခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီ သတင်းဌာနက ယနေ့ ထုတ်ပြန်သည်။

အဆိုပါလေယာဉ်မှာ လေ့ကျင့် ပျံသန်းစဉ် ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး အခြားလေယာဉ်ဖြင့် လိုက်လံရှာဖွေရာ စစ်ကိုင်းတိုင်း ရေမျက်ကြီးအင်းတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

ပျက်ကျခဲ့သည့် လေယာဉ်မှ လေသူရဲကို လိုက်လံ ရှာဖွေလျက် ရှိကြောင်း မြဝတီ ရုပ်သံက သတင်း ထုတ်ပြန်ထားပြီး ရေမျက်ကြီးအင်း အတွင်း လေယာဉ်မောင်းသူ၏ အလောင်း တစ်လောင်း တွေ့ရှိထားကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ- CJလေယာဉ်ပျက်ကျသွားသည် ဆိုသည့် နေရာအနီး ပျံသန်း စစ်ဆေးနေသည့် ရဟတ်ယာဉ်တစ်စီးအား တွေ့ရစဉ်။ (ရိုက်ကူး - CJ)

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...