မြစ်ကြီးနားမြို့တွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ (၈၀)ကျော်ရှိ

မြစ်ကြီးနားမြို့တွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ (၈၀)ကျော်ရှိ

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ၌ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄) တစ်ရက်တည်းတွင် ပိုးတွေ့ရှိသူ (၈၇) ဦးရှိခဲ့ကြောင်း သိရသည်။

"ဒီကနေ့ (၈၇) ယောက်တွေ့တယ်။ အဓိကတော့ လေယာဉ်နဲ့ပြန်လာတဲ့သူတွေပေါ့။ Golfer(ဂေါက်သီးရိုက်သူ)  တွေမှာ တွေ့တယ်။ နေပြည်တော် ပြည်ထောင်စုနေ့ကနေပြန်လာတဲ့သူတွေမှာရောတွေ့တယ် ။ " ဟု ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးတင့်နိုင်က ပြောသည်။

ထို့အပြင်  မြစ်ကြီးနားမြို့ ၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ ဆရာ/မ နှင့် ကျောင်းသား/သူ စုစုပေါင်း  (၃၅) ဦးတွင် ကိုဗစ် - ၁၉ ပိုးတွေ့ရှိခဲ့ပြီး တစ်ပြည်နယ်လုံး ပိုးတွေ့ရှိသူ (၃၀၀) ၀န်းကျင် ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။

ပိုးတွေ့ရှိသူများနှင့် ဆက်စပ်သည့် (၃၁၇)ဦးကို ယမန်နေ့က ကိုဗစ် ရှိ/မရှိ စစ်ဆေးခဲ့ရာမှ အမှတ် (၈) ကျောင်းက ကျောင်းသားကျောင်းသူ နှင့် ဆရာ ဆရာမပေါင်း (၃၅) ဦးတွင် ကိုဗစ် - ၁၉ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"စစ်ဖြစ်တဲ့အကြောင်းအရင်းကလဲ ပိုးတွေ့တဲ့သူတွေနဲ့ ဆက်စပ်လို့လေ။  (၃၁၇) ယောက်စစ်တာ ပေါ့စတစ် ၃၅ ယောက်တွေ့တယ်။ အဲ့ဒီထဲက (၂၈) ယောက်ကိုဆေးရုံတင်လိုက်တယ်။ အိမ်မှာ (၇) ယောက်နေလိုက်တယ် ။ အိုမီခရွန်လဲ ဖြစ်ဖို့များတယ်။ ဟုတ်မဟုတ်ကို သေချာဖို့ကျွန်တော်တို့ ဒီနေ့ ပိုးတွေ့ထားတဲ့သူတွေရဲ့ တို့ပတ်ယူပြီး ရန်ကုန်ကို နက်ဖြန်ပို့မယ်။  အိုမီခရွန်ဟုတ်မဟုတ် ရန်ကုန်မှာစစ်မယ် ။" ဟု ဒေါက်တင့်နိုင်က ဆက်လက်ပြောသည်။

မြစ်ကြီးနားမြို့အတွင်းပိုးတွေ့ရှိမှုနှင့် ပတ်သက်၍ ရန်ကုန် ၊ မန္တလေး မှ ၀င်ရောက်လာသော သူများထံမှ ပြန်လည်ကူးဆက်မှု များပြားခဲ့ ခြင်းဖြစ်ပြီး ပြည်ထောင်စုနေ့က နေပြည်တော်သွားရောက်ခဲ့သည့် သူများတွင်လည်း ကိုဗစ် ပိုးတွေ့ရှိခဲ့ကြောင်း ဒေါက်တာတင့်နိုင်က ဆိုသည်။

လက်ရှိအချိန် ကိုဗစ် ရောဂါကူးစက်မှုကြောင့်  မြစ်ကြီးနားမြို့က ကျောင်းအချို့ကို ပိတ်ထားကြောင်းလည်း သိရသည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...