စစ်ကောင်စီ ဦးစီးသည့် ပြည်ထောင်စုနေ့ တက်ရောက်သူ အချို့တွင် COVID-19 ပိုးတွေ့

စစ်ကောင်စီ ဦးစီးသည့် ပြည်ထောင်စုနေ့ တက်ရောက်သူ အချို့တွင် COVID-19 ပိုးတွေ့

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ အောက်ပိုင်း ဘောလုံးကွင်းတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီ ဦးစီးသည့် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်သည့် လူစုလူဝေးတွင် COVID-19 အတည်ပြု လူနာများ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အခမ်းအနား ပြုလုပ်စဉ် ဗျောက်အိုး ဖောက်သံကြောင့် မူးလဲခဲ့သည့် ဘိုကလေး ပညာရေး ကောလိပ်မှ ကျောင်းသူအား ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံ စည်းကမ်းအရ Test Kit ဖြင့် ရောဂါပိုး ရှိ မရှိ စစ်ဆေးခဲ့ရာမှ အဆိုပါ ကျောင်းသူ အပါအဝင် ပို့ဆောင်သူများတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ဒေသခံက ပြောသည်။

"ပညာရေး ကောလိပ်က ကျောင်းသူ မူးလဲသွားတော့ ပါမောက္ခတွေနဲ့ ကြက်ခြေနီတွေက ဆေးရုံကို လိုက်ပို့ကြတယ်၊ ဆေးရုံရောက်လို့ COVID -19 ရှိ မရှိ စစ်လည်းစစ်ရော အဲ့ဒီကျောင်းသူနဲ့ ပါမောက္ခ တစ်ယောက်နဲ့ ကြက်ခြေနီ နှစ်ယောက်ပါ COVID-19 Positive ဖြစ်နေတာပါ။ ရောဂါတွေ ဖြစ်နေတာကို လူစုလူဝေးတွေ လုပ်ပြီး ရောဂါပိုး ဖြန့်နေတာလား မသိဘူး၊ မြို့ပေါ်က လူတွေကတော့ စိုးရိမ်နေကြတယ်" ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်ကို မြို့ နယ် စစ်ကောင်စီက ဒေသခံ ပြည်သူများ မသိရှိစေရန် သတင်း အမှောင်ချထားကြောင်း ဒေသခံက ဆက်ပြောသည်။

ဘိုကလေးတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ အားကစားပွဲများ၊ ပြည်ထောင်စုနေ့ ပွဲဈေးတန်းများနှင့် ဘုန်းကြီးပျံ ပွဲဈေးတန်းများကို စစ်ကောင်စီ လက်ပါးစေ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ဦးဆောင် ကျင်းပခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့တွင် ဇန်နဝါရီလ နောက်ဆုံး အပတ်မှ စတင်ကာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းအထိ COVID-19 အတည်ပြုလူနာ ၇၄ ဦးနှင့် သေဆုံးသူ နှစ်ဦးရှိကြောင်း မြို့နယ် ဆေးဝန်ထမ်း တစ်ဦးထံက သိရသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...