ပြည်ထောင်စုနေ့ အခမ်းအနားသို့ ULA တက်ရောက်

ပြည်ထောင်စုနေ့ အခမ်းအနားသို့ ULA တက်ရောက်
Yangon Media Group
Yangon Media Group

ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ ရက္ခိုင့်တပ်တော်(AA)၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က တက်ရောက်ခဲ့သည်။

နေပြည်တော်တွင်ကျင်းပသည့် အဆိုပါအခမ်းအနားကို ULA ကိုယ်စားပြုအဖြစ် မြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောအပါအဝင် ခြောက်ဦးတက်ရောက်ခဲ့ကြသည်။ ထိုသို့တက်ရောက်ခြင်းမှာ လေးစားသမှုဖြင့်ဖိတ်ကြားသဖြင့် တက်ရောက်ခဲ့ခြင်းဟု ဦးဦးလှစောက DMG သို့ပြောသည်။

“AA ဘက်က တက်တာမဟုတ်ဘူး။ ULA ဘက်ကတက်တာပါ။ ကျနော်ပါတယ်။ တခြားတာဝန်ရှိသူတွေပါတယ်။ တခြား သူတွေကိုတော့ ကျနော်တို့နာမည်ထုတ်ပြောလို့မရသေးဘူး။ အခမ်းအနားကိုတက်တယ်။ ပြည်ထောင်စုနေ့ တက်သင့်တဲ့ပွဲတစ်ခု ဖြစ်ပါတယ်။ လေးလေးစားစားဖိတ်လာတော့ ကျနော်တို့လည်းပွဲတက်တာပေါ့”ဟု ၄င်းကဆိုသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားကို ULA/AA မှ ဦးဦးလှစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေကြောင်း ULA/AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ၎င်း၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

"ကျနော်တို့ ULA/AA အနေနဲ့ကတော့ ကျနော်တို့ပြည်သူတွေရဲ့အရေးကို အမြဲတမ်းအလေးထား၊ ဦးထိပ်ထားပါတယ်။ ဒါကြောင့် ကျနော်တို့ပြည်သူတွေရဲ့အကျိုး၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ထည့်တွက်စဉ်းစားပြီးတော့မှ လက်တွေ့ကျတဲ့ညှိနှိုင်းမှုတွေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်"ဟု ဦးခိုင်သုခက ရေးသားထားသည်။

စစ်ကောင်စီက စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ရန်နှင့် ထာဝရငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်များကို ဖိတ်ခေါ်ထားသည်။

ယနေ့တွင် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သူ (၄၆)ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကိုပိတ်သိမ်းပြီး အမှုမှ လွှတ်ရန် စစ်ကောင်စီဘက်က ကြေညာထားသည်။

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍လည်းကောင်း လွှတ်ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးကြေငြာထားခြင်းဖြစ်သည်။

ပြည်ထောင်စုနေ့အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးရသေးသော လက်နက်ကိုင်အဖွဲ့အစည်း(၄)ဖွဲ့ တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...