ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း (၂၄)နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနားပြုလုပ်

ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း (၂၄)နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနားပြုလုပ်

ရခိုင်ပြည်တပ်မတော်(AA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း (၂၄)နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ်ကို ဗိုလ်ချုပ်၏မွေးရပ်မြေ မင်းပြားမြို့နယ်၊ ရွှေချောင်းကျေးရွာ၌ ယနေ့(ဖေဖော်ဝါရီလ ၁၁ ရက်နေ့)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ဗိုလ်ချုပ်၏ဆွေမျိုးများနှင့် ရဲဖော်ဟောင်းများက ဦးစီးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ လူဦးရေ ၂၀၀ ခန့်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဗိုလ်ချုပ်၏ ကိုယ်ရေးရာဇဝင်များကို ဖတ်ကြားခြင်းများပြုလုပ်ခဲ့ကြသည်ဟု ရွှေချောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“မနက် ၈ နာရီလောက်က စလုပ်တာ။ ဆွေမျိုးတွေနဲ့ လက်တွဲလုပ်ခဲ့တဲ့သူတွေဦးဆောင်ပြီး ကျေးရွာမှာ လာလုပ်တာပေါ့။ အခုလို ရွာမှာဗိုလ်ချုပ်ခိုင်ရာဇာတို့ရဲ့ အတ္ထုပ္ပတ္တိတွေကို လာပြီးပြောပြတော့ ဝမ်းသာအားရပီတိဖြစ်မိပါတယ်”ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်ခိုင်ရာဇာအပါအဝင် ရခိုင်ရဲဘော်(၂၇)ဦး၊ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုကော်မတီဝင် နိုင်ငံရေးမှူး ဖဒိုမှူးလွယ်အပါအဝင် ကရင်ရဲဘော်(၁၃)ဦး၊ စုစုပေါင်း (၄၀)ဦးတို့သည် အိန္ဒိယ အန်ဒမန်ကျွန်းစုရှိ လန်း(ဒ်)ဖော့ကျွန်း၌ အိန္ဒိယစစ်တပ်နှင့်သဘောတူညီမှုအရ ရေတပ်အထောက်စခန်းတစ်ခုတည်ဆောက်ရန်ရည်ရွယ်ချက်ဖြင့် သွားရောက်ခဲ့သည်။ ထိုစဉ် အိန္ဒိယ စစ်ထောက်လှမ်းရေး၏လှည့်စားမှုကြောင့် ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူးကြီးစောထွန်း၊ ဗိုလ်ကြီးရန်နိုင်၊ ဗိုလ်ကြီးလင်းဇံခိုင်နဲ့ (KNU)မှ ဖဒိုမှူးလွယ်၊ ဗိုလ်ကြီးမြင့်ဆွေတို့ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ကျန်သည့်ရဲဘော်များမှာ အိန္ဒိယအစိုးရ၏ ဖမ်းဆီးမှုခံခဲ့ရပြီး ၂၀၁၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ကာလကတ္တားအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ကြသည်။

လက်ရှိမှာ ဗိုလ်ချုပ်ခိုင်ဇာရာဦးဆောင်ခဲ့သော ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော်(NUPA/AA)ကို ဖျက်သိမ်းပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် NUPA မှ ထုတ်ပြန်ကြေညာခဲ့သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...