မြစ်ကြီးနားမြို့တွင် မိသားစုချင်းအမွေကိစ္စဖြင့် စကားများရာမှ ဗိုလ်ကြီး‌ဟောင်းဖြစ်သူက ယောက်ဖဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်

မြစ်ကြီးနားမြို့တွင် မိသားစုချင်းအမွေကိစ္စဖြင့် စကားများရာမှ ဗိုလ်ကြီး‌ဟောင်းဖြစ်သူက ယောက်ဖဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်

မြစ်ကြီးနားမြို့ ၊ ခေမာသီရိရပ်ကွက် ၊ အောင်နန်းမီးပွိုင့်ထောင့်က နေအိမ်တစ်အိမ်တွင်  မိသားစု အချင်းချင်း အမွေကိစ္စနဲ့  ပြဿနာဖြစ်ရာမှ စစ်တပ်ဗိုလ်ကြီးဟောင်းဖြစ်သူက သေနတ်နဲ့ပစ်ခတ်ခဲ့ခြင်းကြောင့် ယောက်ဖတော်စပ်သူ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ (၅) နာရီ အချိန်ခန့်က အောင်နန်းမီးပွိုင့်‌ထောင့်ရှိ နေအိမ်အတွင်း အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွားသူမှာ ပစ်ခတ်ခဲ့သူနှင့် ယောက်ဖတော်စပ်သူဖြစ်ပြီး ဘယ်ဖက်ဝမ်းဗိုက်အောက်တစ်ချက် ၊ ခေါင်းတစ်ချက် ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

" မနေ့က ညနေက သူတို့ မိသားစုအချင်းချင်း ပြဿနာဖြစ်တာ။ ဖြစ်တာက ယောက်ဖကနေပစ်လိုက်တာ ပစ်ခံရတဲ့သူနဲ့ ပစ်တဲ့သူနဲ့က ယောက်ဖတော်တယ်။ သူတို့က မိသားစုကိစ္စနဲ့ စကားများရင်းပစ်သွားတယ်လို့ပဲသိတယ်။ အခင်းဖြစ်ပွားတဲ့နေရာကတော့ အောင်နန်းမီးပွိုင့်ဒေါင့်နားလေးကပဲ။ သူတို့နေအိမ်မှာဖြစ်သွားတာပေါ့နော်”ဟု ၎င်းက ဆိုသည်။

သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသွားသူမှာ ဦးဇဗ္ဗူကျော် ဖြစ်ပြီး အခင်းဖြစ်ပွားခဲ့သည့်အကြောင်းအရင်းအသေးစိတ်နှင့် အသုံးပြုခဲ့သည့် လက်နက်အမျိုးအစားကို မသိရှိရသေးပါ။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...