ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာ၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ပျောက်ဆုံးနေ

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာ၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ပျောက်ဆုံးနေ

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အာဏာသိမ်းစစ်ကောင်စီ၏ နောက်ဆုံးတိုးချဲ့လိုက်သည့် အဖွဲ့ဝင်သစ်ဖြစ်လာသည်။

စစ်ကောင်စီအစိုးရတွင်ရုံးဝန်ကြီးဖြစ်သော စစ်တက္ကသိုလ် အပတ်စဉ် (၂၂) ဆင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်လိုက်ကြောင်းအမိန့်စာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထွက်လာခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့ဘက်မှဦးဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် စစ်ကောင်စီ၏ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ်အပတ်စဉ်တူဖြစ်ကာ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ စစ်ဥပဒေချုပ်တာဝန်တို့ကို ထမ်းဆောင်ခဲ့ဖူးသည်။

သို့သော် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်မှ ရာထူးမတိုးတော့ဘဲ အရံအင်အားသို့သာ ပြောင်းရွှေ့ ခံခဲ့ရပြီး အာဏာသိမ်းပြီးသုံးလကျော်အကြာတွင် ရုံးဝန်ကြီးပြန်လည်ခေါ်ယူခန့်အပ်ခံရသည်။

စစ်ကောင်စီအဖွဲ့ဝင်သစ်တစ်ဦးတိုးလိုက်ချိန်မှာ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သော အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကတော့ သတင်းများတွင်ပျောက်နေသည်။

စစ်တက္ကသိုလ်အပတ်စဉ် (၂၇) ဆင်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် (လေ) မှ ဗိုလ်ချုပ်ကြီးလုပ်သက်ပြည့် အနားပေးခံခဲ့ရသော်လည်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အလဲဗင်းမီဒီယာသို့ပြောကြားခဲ့သည်။

သို့သော် ဇန်နဝါရီ ၂၀ ရက်က ကျင်းပသည့် ၂၀၂၂ ခုနှစ် ပထမအကြိမ် စစ်ကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် မပါဝင်ခဲ့သလို အာဏာသိမ်းခေါင်းဆောင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များတက်ရောက်လေ့ရှိသောပွဲများတွင်လည်းမတွေ့ရဘဲ တစ်လနီးပါးကြာသည့်တိုင် ပျောက်ကွယ်လို့နေသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...