စစ်ကောင်စီက ဆွမ်ပီယန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီက ဆွမ်ပီယန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရ

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်‌ကျေးရွာမှာ စစ်ကောင်စီဘက်ကနေ Jet Figther လေယာဉ် (၂) စင်းနဲ့ လာရောက် ဗုံးကြဲခဲ့တာကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးပြီး လက်ရှိ လူဦးရေ(၁)ထောင်ကျော်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ဆွမ်ပီယန်ကျေးရွာသာမက အနီးက ရင်ဆီယန် ကျေးရွာတွင်လည်း  လက်နက်ကြီးပစ်ခတ်နေသောကြောင့် ယင်းကျေးရွာ(၂)ရွာက လူဦးရေ တစ်ထောင်ကျော် ဝန်းကျင်က ထွက်ပြေးနေကြရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ရွာမှာနေလို့ မရတော့ဘူး။ ခုက တစ်ယောက်တစ်ပေါက် ဘေးလွတ်ရာကို ပြေးနေကြရတယ်။ လောလောဆယ်က ဆွမ်ပီယန်နဲ့ ရင်ဆီယန် ကျေးရွာ(၂)ရွာက ထွက်ပြေးနေရတယ်။  ရင်ဆီယန်က ဆွမ်ပီယန်နဲ့ဆို (၁)ကျော်လောက်ပဲ ဝေးတာ။ ရင်ဆီယန်ဘက်ရော သေနတ်သံတွေ ကြားနေရတယ်။ အရမ်းကြီးတော့ မပစ်သေးဘူး။ ရွာမှာတော့ လူတွေ တစ်ယောက်မှ မရှိတော့ဘူး"ဟု ၎င်းက ပြောသည်။

ယမန်နေ့ညကတည်းက ညတွင်းချင်း ကျေးရွာနေ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအနေအထားအရ လနှင့်ချီ ထွက်ပြေးရမည့် အဖြစ်နှင့် ကြုံနေရသောကြောင့် စိုးရိမ်နေရကြောင်းလည်း ၎င်းက ဆက်လက်ဆိုသည်။

"မနေ့ညကနေ တိမ်းရှောင်နေရတယ်။ လူဦးရေ(၁)ထောင်‌ေကျာ်လောက်တော့ ရှိမယ် ရွာ(၂)ခုပေါင်းရင်။ ကျွန်တော်တို့ လောလောဆယ် အနေအထားဆိုရင် အနည်းဆုံးတော့ လနဲ့ချီ တိမ်းရှောင်ရမယ့် သဘောရှိနေတယ်။ စစ်အင်အားနဲ့ လာကြရင်တော့ ရက်ရှည်လာမှာပေါ့။ မျက်နှာမူတဲ့ဘက် ထွက်ပြေးနေရတဲ့ အခြေအနေရှိနေတယ်"လို့ ဒေသခံက ရှင်းပြသည်။

ဆွမ်ပီယန်တပ်စခန်းသည် ယခင်က စစ်ကောင်စီတပ် စခန်းချနေထိုင်သည့် ကျေးရွာဖြစ်ပြီး ဖေဖော်ဝါရီလ (၁) ရက်နေ့က ကချင်လွတ်လပ်ရေး တပ်မတော်( KIA) ဘက်က ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည့်  ကျေးရွာဖြစ်သည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဆွမ်ပီယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်မှ ယမန်နေ့ ညနေပိုင်း (၄) နာရီခွဲအချိန်‌ခန့်က Jet Figther လေယာဥ် (၂) စင်းနဲ့ လာရောက်ဗုံးကြဲခဲ့ခြင်းကြောင့် လူနေအိမ် (၅) လုံးပျက်စီးပြီး ဒေသခံရွာသား (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

(ပုံဟောင်း အသုံးပြုထားသည်)

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...