ပူတာအိုမြို့အတွင်း စက်သုံးဆီများအား အကန့်အသတ်ဖြင့် ၀ယ်ယူနေရ

ပူတာအိုမြို့အတွင်း စက်သုံးဆီများအား အကန့်အသတ်ဖြင့် ၀ယ်ယူနေရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဖေဖော်ဝါရီလ (၇) ရက်နေ့ မနေ့ကပြီး စက်သုံးဆီများကို လိုအပ်သလောက် ဝယ်ယူခွင့် မရရှိတော့ဘဲ အကန့်အသတ်ဖြင့်သာ ၀ယ်ယူနေရကြောင်း သိရသည်။

လက်ရှိအချိန် ပူတာအိုမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး  မြို့အဝင်ဂိတ်များအား ပိတ်ထားသည့်အတွက်  မြို့တွင်းရှိ စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေခြင်းဖြစ်‌ကြောင်း ဒေသခံအမျိုးသား တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကားဆီဆို မနေ့က သုံးသောင်းဖိုး ထည့်လို့ရတာ။ဒီနေ့ဆို ဇေယျာမင်းက တစ်သောင်းဖိုးပဲ တိုင်းကျော်က ၂ သောင်းဖိုး အများဆုံး ထည့်လို့ရတော့တယ်  ပေပါနဲ့ကတော့ ဘယ်ဆိုင်မှကိုမရောင်းတော့တာ။ ဒီအတိုင်းဆိုမလွယ်ဘူးဗျ ။”ဟု ဒေသခံက ဆိုသည်။

ဒီဇယ်   တစ်ဂါလံလျှင်(၁၁၀၀၀) ကျပ် ၀န်းကျင် ပေါက်ဈေးရှိနေပြီ ဆီဆိုင်အချို့မှာ ဒီဇယ်နှင့် ဓာတ်ဆီ (92)ကို အများဆုံး ကျပ် (၂၀၀၀၀) ဖိုး အထိသာ ရောင်းချပေးလျက် ရှိနေကြောင်းလည်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...