ရှောင်တာနဲလ် ပြန်လွတ်ပြီ ဆိုပြီး မှားယွင်းစွာ ထုတ်ဖော်မိခဲ့ဟု ဟွန်ဆန် ဝန်ခံ

ရှောင်တာနဲလ် ပြန်လွတ်ပြီ ဆိုပြီး မှားယွင်းစွာ ထုတ်ဖော်မိခဲ့ဟု ဟွန်ဆန် ဝန်ခံ

မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနဲလ် ပြန်လွတ်သွားပြီဆိုပြီး ထုတ်ဖော်ခဲ့မိခြင်းက “မတော်တဆ အမှား” တစ်ခု ဖြစ်ခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဝန်ခံခဲ့သည်။

ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးလိုက်ပြီ ဆိုပြီး ယမန်နေ့က သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယင်းသတင်း မှန်ကန်မှု မရှိဟု အာဏာသိမ်းစစ်ကောင်စီက တုံ့ပြန်ခဲ့သည်။

ရှောင်တာနဲလ်သည် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးတစ်ဦးဖြစ်ပြီး ၎င်းသည် ယမန်နှစ် ဖေဖေါ်ဝါရီလ ၆ ရက်က ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။

ယင်းနောက် ၎င်းကို ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်သည်ဆိုပြီး စစ်အုပ်စုက တရားစွဲဆိုထားသည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အစောပိုင်းက ပြောကြားခဲ့ရာတွင် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး၏ ပန်ကြားချက်အရ ၎င်းအနေဖြင့် ရှောင်တာနဲလ် ပြန်လွတ်ရေးအတွက် မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို စည်းရုံးပြောဆိုခဲ့ပြီးနောက်တွင် ရှောင်တာနဲလ် ပြန်လွတ်သွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တကယ်တမ်းမှာတော့ ဩစတြေးလျနိုင်ငံသား (ရှောင်တာနဲလ်) မလွတ်သေးပါဘူး” ဟု မစ္စတာ ဟွန်ဆန်က ဖေဖေါ်ဝါရီ ၇ ရက် ဖေ့ဘွတ်ခ်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

“ကျွန်တော် သတင်းအမှား ရခဲ့တာကနေတဆင့် ဒီရှုပ်ထွေးမှု ဖြစ်ခဲ့တာပါ၊ မတော်တဆ ဖြစ်တဲ့ ဒီအမှားအတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ကြပါ” ဟု ဟွန်ဆန်က ပြောခဲ့သည်။

မြန်မာအာဏာသိမ်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ၎င်းတို့တွင် ရှောင်တာနဲလ်ကို ပြန်လွှတ်ရန် အစီအစဉ် မရှိခဲ့ဟု ဘီဘီစီသတင်းဌာနကို ပြောခဲ့သည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...