ဖက်ဒရယ်ရှမ်းပြည်ကို ပြန်အသက်သွင်းမည်ဟု ရှမ်းပြည် ညီညွတ်ရေး ကော်မတီ ထုတ်ပြန်

ဖက်ဒရယ်ရှမ်းပြည်ကို ပြန်အသက်သွင်းမည်ဟု ရှမ်းပြည် ညီညွတ်ရေး ကော်မတီ ထုတ်ပြန်

ဖက်ဒရယ် ရှမ်းပြည်အဖြစ် အသက်ပြန်သွင်းခြင်းသည် ပြည်နယ် တည်ဆောက်ရေး အရေးကြီး လိုအပ်ချက်ဖြစ်သည် ဟု ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) က ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ရှမ်းပြည် အမျိုးသားနေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသော  ရှမ်းပြည် ညီညွတ်ရေး ကော်မတီ၏ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေး မူဝါဒ ကြေညာစာတမ်းတွင် ထို့ကဲ့သို့ ရေးသား ပြောဆိုထားခြင်း ဖြစ်သည်။

အနာဂတ်ရှမ်းပြည်၏ နယ်နမိတ်သည် ပင်လုံစာချုပ်တွင် လက်မှတ်ထိုးစဥ်က ဖက်ဒရယ် ရှမ်းပြည်၏ နယ်နမိတ် အတိုင်း မလျော့ဘဲ ရှိနေရမည်ဟုလည်း ဆိုထားသည်။

ရှမ်းပြည် ညီညွတ်ရေးကော်မတီက ရှမ်းပြည်တွင်း နှစ်လရှည်ကြာ ဖြစ်ပွားနေသော ပြည်နယ်တွင်း ပဋိပက္ခများကို ဖြေရှင်းရန် ယခုကဲ့သို့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေး မူဝါဒကြေညာ စာတမ်းကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်းလည်း CSSU က ဆိုထားပြီး ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေး အတွက် ပြည်နယ်တည်ဆောက်ရေး ဆိုင်ရာ မူဝါဒများကိုလည်း ထည့်သွင်းထားသည်။

"ကျွန်တော်တို့ ထုတ်ပြန်တဲ့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ခြင်းဆိုတာမှာ တန်းတူညီမျှမှု၊ ကိုယ့်ကံကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးပိုင်ခွင့်နဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်တွေကို အခြေခံ ထားတာမို့လို့ အဲ့ဒီ အပေါ်မှာ ယုံကြည် သက်ဝင်သူတွေ အနေနဲ့ ပူးပေါင်း ပါဝင် လာလိမ့်မယ်လို့ မျှော်လင့်တယ် " ဟု CSSU ၏ ပြောရေး ဆိုခွင့်ရှိသူ စိုင်းလိတ်က ယနေ့ ထုတ်ပြန်ချက်နှင့် ဆက်စပ်၍ ပြောသည်။

CSSU ၏ ထုတ်ပြန်ကြေညာချက်ကို အပြုသဘောဖြင့် လက်ခံသော်လည်း ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားတိုင်း ပါဝင်လက်ခံလာရန် အတွက်မူ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမည် ဖြစ်သည်ဟု အင်း (အင်းသား) ကျောင်းသား တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

CSSU ကို ရှမ်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြစ်သော RCSS ၊ SSPP အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNLD)  နှင့် အခြား ရှမ်းအရပ်ဘက် အဖွဲ့အစည်း များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...