စစ်အာဏာရှင်အား အတူတကွတိုက်ထုတ်ကြရန် အချိန်ကျရောက်ပြီဖြစ်ပြီး NUG အစိုးရနှင့် လက်တွဲရမည်ဟု KIO/KIA ဥက္ကဌ ပြော

စစ်အာဏာရှင်အား အတူတကွတိုက်ထုတ်ကြရန် အချိန်ကျရောက်ပြီဖြစ်ပြီး NUG အစိုးရနှင့် လက်တွဲရမည်ဟု KIO/KIA ဥက္ကဌ ပြော

မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်တော်လှန်နေကြသည့် တိုင်းရင်းသားများအနေဖြင့် စစ်အာဏာရှင်ကျဆုံးရေးတွက် အတူတကွ တိုက်ထုတ်ကြရန် အချိန်ရောက်နေပြီဖြစ်ကြောင်း ယနေ့ကျရောက်တဲ့ (၆၁) နှစ်မြောက် တော်လှန်ရေးနေ့ မိန့်ခွန်းတွင် KIO/KIA ဥက္ကဌ အင်ဘန်လက ပြောကြားသည်။

 စစ်အာဏာရှင်စနစ်အား မလိုလားသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး အမျိုးသားညီညွတ်ရေးအစိုး NUG အတူ လက်တွဲတော်လှန်ရမည့် အချိန်ကျရောက်နေပြီဖြစ်ကြောင်းလည်း မိန့်ခွန်းတွင် ပါရှိသည်။

NUG အစိုးရကို ဝန်းရံတော်လှန်မှုမရှိလျှင် တော်လှန်ရေးခရီးစဉ်တွင် ကြံ့ကြာမှုရှိနိုင်ကြောင်းလည်း ပြောကြားသည်။

ဒါ့အပြင် လက်ရှိ လက်နက်ကိုင်ပြီး တော်လှန်နေခြင်းသည် ဗမာလူမျိုးများအား တော်လှန်နေခြင်းမဟုတ်ဘဲ အကြမ်းဖက် ဖိနှိပ်သည့် လုပ်ရပ်များအား တော်လှန် နေရခြင်းဖြစ်ကြောင်းလည်း မိန့်ခွန့်တွင် ပြောဆိုထားသည်။

စစ်မှုထမ်းနေကြသည့် ရဲဘော်၊ရဲဘက်တွေရဲ့ စိတ်ဓာတ်ကို လေးစားအားထားကြောင်းနှင့် လက်ရှိအနေအထားတွင် မတူညီသောကြောင့် အများပြည်သူတွေဘက်ကို ရပ်တည်ရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်မှ လက်ရှိအနေအထားပေါ်မူတည်ပြီး မြို့ပြတိုက်ပွဲများကို ဦးတည်ရမည့် အနေအထားဖြစ်နေခြင်းကြောင့် မိဘပြည်သူများ အနေဖြင့် သတိဝိရိယရှိရှိ နေထိုင်ရန် စားနပ်ရိက္ခာ စုဆောင်းထားကြရန်နှင့် ကိုဗစ်နိုင်တင်း ရောဂါအခြေအနေကို ဆက်လက်ဂရုတစိုက် ကာကွယ်ကြရန်လည်း ပြောဆိုခဲ့သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...