ဘူးသီးတောင်တွင် မူဆလင်အမျိုးသမီးငယ်အသတ်ခံရမှုကျူးလွန်ဟုယူဆရသူအား အရေးယူထား

ဘူးသီးတောင်တွင် မူဆလင်အမျိုးသမီးငယ်အသတ်ခံရမှုကျူးလွန်ဟုယူဆရသူအား အရေးယူထား

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင်မူဆလင်ကျေးရွာမှ ၁ဝ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး အသတ်ခံရမှုတွင် ကျူးလွန်သူဟုယူဆရသူအား အရေးယူထားသည်ဟု ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ပြစ်မှုကျူးလွန်သူမှာ ဆင်သေပြင်မူဆလင်ကျေးရွာမှ အဒူဆလာမ် (၆၅ နှစ်)ဖြစ်ပြီး သူ့ကို “လူသတ်မှု၊ လုယက်မှု" စသည့် ရာဇဝတ်မှုတို့ဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးအရေးယူဆောင်ရွက်ထားသည်ဟု ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး မှုခင်းရေးရာဌာနက ယနေ့ ဖေဖော်ဝါရီလ ၇ ရက်တွင် ထုတ်ပြန်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆင်သေပြင်ကျေးရွာတာဝန်ခံ မာမောက်တာလောင်က “အခုအေးဆေးဖြစ်သွားပါပြီ။ ဝန်ခံတဲ့သူကလည်း ရှိသွားတော့” ဟု ပြောသည်။

အသတ်ခံရသူမိန်းကလေးသည် ဆင်သီပြင်မူဆလင်ကျေးရွာမှ အဖ မဲခူလ္လာ၏သမီး ဂျာနရ်ကာဘေဂေါမ် (၁၀ နှစ်)ဖြစ်သည်။

သူမသည် တစ်ရွာတည်းနေ မော်နော်ရာ (၅၅ နှစ်)၊ ဆာဒေကာ (၈ နှစ်)နှင့် နိုရ်ဟာဆီနာ (၉ နှစ်)တို့နှင့်အတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက် နံနက် ၁ဝ နာရီခန့်က ရွာ၏အရှေ့မြောက်ဘက် တောင်အနီးသို့ ထင်းခြောက်ကောက်ရန် သွားရောက်ခဲ့ကြပြီးနောက် ပျောက်ဆုံးသွားခဲ့သည်ဟု သိရသည်။

ယင်းနောက် မိသားစုဝင်များနှင့် ရွာသားများက လိုက်လံရှာဖွေရာ ယင်းနေ့ ညနေ (၆)နာရီခန့်တွင် ရွာ၏ အရှေ့မြောက်ဘက် မီတာ (၃၅၀) ကျော်အကွာ တောထဲ၌ သစ်ခက်များဖြင့် ဖုံးအုပ်ထားသည့် သူမ၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလောင်းတွင် လည်ပင်းညှစ်သတ်ဒဏ်ရာ၊ မျက်နှာနှင့်လက်များ၌ စူးခြစ်ဒဏ်ရာများပါရှိပြီး နားနှစ်ဖက်၌ဝတ်ဆင်ထားသည့် နားကပ်တစ်ရံလည်း ပျောက်ဆုံးနေခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် သေဆုံးသူနှင့်အတူ ထင်းခြောက်ကောက်ရန် လိုက်ပါသွားသူ (၃) ဦးအား စစ်ဆေးသည့်အခါ မျက်မြင်သက်သေ မော်နော်ရာက ကျူးလွန်သူမှာ တစ်ရွာတည်းနေ အဒူဆလာမ်ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

ယင်းသို့စွပ်စွဲထွက်ဆိုမှုကြောင့် အဒူဆလာမ်အား ဇန်နဝါရီလ ၃၁ ရက် ည (၁၀) နာရီခွဲခန့်တွင် ဖမ်းဆီးစစ်ဆေးရာ ပြစ်မှုကျူးလွန်သည်ကို ဝန်ခံခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...