မာန်အောင်အများပိုင်ကုမ္ပဏီမှ ပျောက်ဆုံးနေသည့်ဝန်ထမ်း ဒဏ်ရာများဖြင့်သေဆုံးလျှက်တွေ့ရှိ

မာန်အောင်အများပိုင်ကုမ္ပဏီမှ ပျောက်ဆုံးနေသည့်ဝန်ထမ်း ဒဏ်ရာများဖြင့်သေဆုံးလျှက်တွေ့ရှိ

မာန်အောင်အများပိုင်ကုမ္ပဏီမှ ပျောက်ဆုံးနေသည့်ဝန်ထမ်းမှာ ဖေဖဝါရီလ ၅ ရက်နေ့ နေ့လယ်က ဟိုတယ်ဇုံအတွင်းရှိသည့် ဆည်ထဲတွင်  ဒဏ်ရာများဖြင့်သေဆုံးလျှက် တွေ့ရှကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပျောက်ဆုံးနေသူ မောင်မင်းထက်ဝေမှာ မာန်အောင်အများပိုင်ကုမ္ပဏီ၏ ကအီးကမ်းခြေဟိုတယ်ဇုံတွင် စားဖိုမှူးအဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။

မောင်မင်းထက်ဝေမှာ ဖေေဖာ်ဝါရီလ ၃ ရက်နေ့ ညအိပ်ဆောင်အတွင်းမှ ပျောက်ဆုံးသွားကြောင်း ဦးလေးတော်စပ်သူ ဦးကျော်သန်းက ပြောသည်။

" သူ မပျောက်ခင် တစ်ရက်က အိမ်ကိုရောက်လာသေးတယ်။ သူပျောက်တာ ၃ ရက်နေ့ ညပေါ့။ ၂ ရက်နေ့ ည သူငယ်ချင်းတွေနှင့် ဟိုတယ်အတွင်းမှာရှိတဲ့ ဆည်မှာ အရက်သောက်ကြသေးတယ်ပြောတယ်။ ပြီးတော့ ည ၁၀ နာရီထိုးလောက်မှာ ပြန်ပြီး အဆောင်မှာ အိပ်ကြတယ်ပြောတယ်။ မနက်ကျတော့ ၉ နာရီ ကျူတီဝင်ချိန်မရောက်လို့ သွားကြည့်တဲ့အခါ သူမရှိတေားဘူး။ သူ့အိပ်ယာမှာက ဖုန်းလဲ ရှိတယ်။ ဖိနပ်လဲ ရှိတယ်။ ဒါပေမဲ့ လကုန်လို့ ထုတ်ထားတဲ့ ပိတ်ဆံအိပ်ထဲက လစာငွေတော့ မရှိတော့ဘူး" ဟု ပြောသည်။

ကိုမင်းထက်ဝေမှာ လူအေးတစ်ယောက်ဖြစ်ပြီး ဟိုတယ်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ဖူးခြင်း မရှိကြောင်း သိရှိရသည်။

ကိုမင်းထက်ဝေအား ဟိုတယ်ဇုံအတွင်းရှိ ဆည်ထဲတွင် လူခြေရာများတွေ့ရှိခြင်းကြောင့် ဖေဖဝါရီလ ၄ ရက်နေ့က ရေငြုပ်ရှာခြင်း၊ ပိတ်ဖြင့်ဆွဲ ရှာခြင်း၊ အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိပါ။ ဖေဖဝါရီ ၅ ရက်နေ့က ဆည်အတွင်း ရေပေါ်တွင် ပေါ်လျှက် တွေ့ရှိခဲ့ကြောင်း မိသားစု ဝင်များက ပြောဆိုသည်။

ဟိုတယ်အိပ်ဆောင်အတွင်း ကိုမင်းထက်ဝေနှင့်အတူ နေထိုင်သူ ၆ ဦးရှိကြောင်း မိသားစုများ ပြောကြားချက်အရ သိရသည်။

သေဆုံးသူ ကိုမင်းထက်ဝေမှာ အသက် ၂၁ နှစ်ဖြစ်ပြီး ကအီးကျေးရွာ ဒေသခံတစ်ဦးဖြစ်သည်။ မင်းထက်ဝေ၏ လည်ပင်းတွင် ဒဏ်ရာ ၂ ချက်တွေ့ရှိရကြောင်း မာန်အောင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

"သူ့လည်ပင်းမှာ ဒဏ်ရာ ၂ ချက်တွေ့ရတယ်။ ဆေးစာကတော့ မထွက်သေးဘူး။ ဆေးစာစောင့်နေတုန်းပဲ ရှိသေးတယ်။ အလောင်းကတော့ ဆေးရုံက စစ်ဆဲပြီးစီးလို့ နေအိမ်ကိုပြန်ပို့လိုက်ပြီးပြီ" ဟု ပြောသည်။

ယခု သေဆုံးမှုမှာ သွေးရိုးသားရိုး သေဆုံးခြင်းမဟုတ်သောကြောင့် အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန် မိသားစုဝင်များက လိုလားနေကြပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုဖြင့် မာန်အောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...