ထိုင်းနိုင်ငံ အချုပ်အတွင်း မြန်မာနိုင်ငံသား ၁ ဦး အဆုံးစီရင်

ထိုင်းနိုင်ငံ အချုပ်အတွင်း မြန်မာနိုင်ငံသား ၁ ဦး အဆုံးစီရင်

ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဖပရဒဲမြို့နယ်ရှိ အချုပ်ခန်း အတွင်း မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ခံထားရသည့် အသက် (၃၅) နှစ် အရွယ် မြန်မာနိုင်ငံသား တစ်ဦး ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၃ နာရီခွဲတွင် မိမိကိုယ် အဆုံးစီရင် သွားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

အဆိုပါ မြန်မာနိုင်ငံသားသည် မူးယစ်ဆေးဝါးမှုနှင့် တရားမဝင် နေထိုင်မှု စသည့် အမှုများဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ဖမ်းဆီးခံခဲ့ရသူ ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

အချုပ်ခန်း အတွင်း စိတ်ဖိစီးမှုကြောင့် ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီကြိုးဖြင့် အချုပ်ခန်း နံရံကို ချည်နှောင်ကာ အဆုံးစီရင်သွားကြောင်း သတင်းများတွင် ဖော်ပြသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...