မစ္စယန်ဟီလီ၏ကျောက်ဖြူခရီးစဉ်တွင် အထူးစီးပွားရေးဇုန်ဧရိယာမှ လယ်သမားများ၊ ပိုက်လိုင်းကြောင့်ထိခိုက်နစ်နာသူ ဒေသခံများနှင့်တွေ့မည်

မစ္စယန်ဟီလီ၏ကျောက်ဖြူခရီးစဉ်တွင် အထူးစီးပွားရေးဇုန်ဧရိယာမှ လယ်သမားများ၊ ပိုက်လိုင်းကြောင့်ထိခိုက်နစ်နာသူ ဒေသခံများနှင့်တွေ့မည်
by -
နိရဥ္စရာ
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ၏ ဆဌမမြောက် မြန်မာနိုင်ငံ ခရီးစဉ်တွင် ဇူလိုင်လ(၁၁)ရက်နေ့ ကျောက်ဖြူရောက်ဖြူသို့ လာရောက်မည်ဟု သတင်းရရှိသည်။

မစ္စယန်ဟီလီသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဧရိယာမှ ဒေသခံလယ်သမားများနှင့် တွေ့ဆုံမည်ဖြစ်သလို ပိုက်လိုင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုရှိနေသော လယ်သမားများနှင့် မဒဲကျွန်းဒေသခံများ၊ အရပ်ဘက်လူအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

‘‘ ပိုက်လိုင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာနေတဲ့လယ်သမားတွေ၊ မဒဲကျွန်းဒေသခံတွေနဲ့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းအတစ်ချို့ တွေ့ဆုံဖို့ လုပ်ထားပါတယ်။ နေ့လည်(၂)နာရီလောက်မှာ palace Hotel မှာ တွေ့ဆုံဖို့လုပ်ထားပါတယ်။ အချိန်တစ်နာရီကြာတွေ့ဆုံဖို့ ပြောထားပါတယ်’’ဟု ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ကိုထွန်းကြည် ကပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဧရိယာမှ ဒေသခံလယ်သမားများနှင့် ကျောက်ဖြူမြို့နှင့် (၁၁)မိုင်ခန့်ကွာဝေးသော တောင်သူလယ်သမားအဖွဲ့ရုံး၌ မွန်းတည့်(၁၂)နာရီတွင်တွေ့ဆုံသွားမည်ဟုသိရသည်။

မစ္စယန်ဟီလီသည် မနက်ဖြန် ဇူလိုင်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် အာဏာပိုင်များနှင့် တွေ့ဆုံမည်ဖြစ်သလို ကျောက်ဖြူမြို့၊ ပြင်ဖြူမော် ရခိုင်ကယ်ဆယ်ရေးစခခန်းနှင့် ကျောက်တလုံး ဘင်္ဂလီကယ်ဆယ်စခန်းသို့သွားကာ တွေ့ဆုံမည်ဟု သက်ဆိုင်ရာမှ သိရသည်။

မစ္စယန်ဟီလီသည် ဇူလိုင်လ(၁၂)ရက်နေ့တွင် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော သို့သွားရောက်မည်ဟုသိရသည်။

မစ္စယန်ဟီလီ ဇူလိုင်(၁၁)ရက်နေ့ ကျောက်ဖြူမြို့သို့ရောက်စဉ် စစ်တွေမြို့တွင် ကန့်ကွက်ဆန္ဒဖာ်ထုတ်ရန်စီစဉ်ထားကြောင်း သတင်းရရှိသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...